အပိုင်း(3)U/Z

234 18 0
                                    

"ပိုင်ထတော့ ကျောင်းသွားရတော့မယ်ကွ"

"နောက်ကျနေပြီ"

"ထတော့"

"ထ"

"မေမေရေပိုင်ဒီမှာ ဘယ်လိုနှိုးနှိုးမရဘူး သေနေတာလားမသိဘူး"

"ပိုင် သားမင်း၄တန်းရောက်နေပြီ နော် ကျောင်းပျက်ရင်စာမလိုက်နိုင်ဘဲနေလိမ့်မယ် ထတော့ မေမေမနက်စာပြင်ပေးထားမယ် သားပြန်လာရင်သားကြိုက်တဲ့ချောကလတ်ကိတ်ဝယ်ထားပေးမယ်ထထလိမ္မာတယ်နော်"

"ဝါးးးးးး"

ခေါင်းကုတ်ဖင်ကုတ်နဲ့ အိပ်ယာထလာရပြီးဒီလိုနဲ့ပိုင်မနက်စာစားပြီးကျောင်းသွားရတော့သည်။

နွေဦးကြောင့်ထင်သည်မန္တလေး၏မနက်ပိုင်းကျုံးလေ၏လတ်ဆတ်မူ ကျုံးနဘေးရှိ သပြေဘူတ ပန်းကလေးများကလေတိုက်တိုင်း ပွင့်ဖတ်လေးတွေကတစ်ရွက်ချင်း လှမ်းလာနေသည်။ ပိုင်လဲကားမှန်တံခါးဖွင့်ပြီး ကျုံလေကိုတဝကြီးရှူနေလေသည်

"ဟိုကောင် ခွေးလား ပြီးရင်အအေးပတ်မယ် တံခါးပြန်ပိတ်"

ပိုင်လဲ မျက်စောင်းထိုးပြီး အသံတိတ်သာဆဲပေးလိုက်သည်

ပိုင် — "$@#%*%#@$#%"

သုတလည်း သူကကြီးဖြစ်သည်မို့အငယ်ကိုညှာတာသည့်အနေဖြင့်  အသံတိတ်ပြန်ဆဲလိုက်ပါသည်" : )

သုတ — "ဒီ $#%^#%#%#%#@#%"

ဒီလိုနှင့် မန္တလေးမနက်ခင်း သည်ကားလမ်း မထက်တွင် ကျုံးလေနှင့်အတူကားလေးတစ်စီးသည် ဆဲသံများဖြင့် ကျောင်းသို့ရောက်သွားလေသည်။

^^^^^^^^^^^^^^^^^^^^^^^^^

ရန်ကုန်မြို့ ရှိစံပြကိုယ်ပိုင်အထက်တန်းကျောင်းတွင်
နေသူရိန်သည်၆တန်းတက်နေတာဖြစ်ပြီး အတန်းထဲတွင်
အမြဲအဆင့်၂ချိတ်သည်။အရပ်ရှည်သောကြောင့်၆တန်းလို့ကိုမထင်ရပေ။ အသားရောင်မှာ ဖြူလွန်းသည်လဲမဟုတ် ညိုလဲမညိုပေ။ နေသူရိန်သည်အသက်ကြီးလာသည်လနှင့်အမျှ သူ့အကြောင်းသူပိုသိလာသည် သူသည် introvert တစ်ယောက်ဖြစ်သည်မို့ လူအများကြားထဲနေရသည်မှာ အလိုလိုပင်ပန်းတတ်သည်။ဝါသနာအရဓာတ်ပုံရိုက်တာအပြင်တစ်ခုတိုးလာတာဆို ပန်းချီဆွဲတာပင်ဖြစ်သည်။ အခန်းတွင်း၌သူဝါသနာပါရာအလုပ်ကိုလုပ်နေရတာကိုပင်ပျော်နေတတ်သည်။

နွေးထွေးသောရပ်ဝန်း (A warm zone)Where stories live. Discover now