အပိုင်း(15)U/Z

57 4 1
                                    

ဘာလိုလိုနှင့် ကျောင်းဖွင့်ရာသီသို့ရောက်ရှိလာခဲ့သည်။ အိပ်ရာပေါ် မှောက်လျက်အိပ်နေရင်း စဉ်းစားမိသည်က

ကျောင်းတက်ရတော့မယ်ဆိုတော့လည်း အင်း တက်ရုံပေါ့။ ကျောင်းမြန်မြန်ပြီး အလုပ်မြန်မြန်လုပ် သူဌေးကြီးဖြစ်အောင် လုပ်ပြီးရင်ဘယ်သူ့ စောက်ခွက်မှ မကြည့်ဘဲ ပိုင့် ကိုအမ်းတော့မယ် ခက်တာက ပိုင်အသက်လဲငယ်သေးတော့ သူ့ကို အကိုလိုဘဲဆက်ဆံနေတာ ကြာလာရင် တစ်ကယ်အကိုရင်းတစ်ယောက်လိုဖြစ်သွားမှာ ကြောက်တယ် သေစမ်း သေလိုက်ပါတော့ နေသူရိန်ရာ မင်းကိုက အစတည်းက ခက်မိုက်မိုက်နဲ့ ကိုယ်ချစ်တဲ့သူရှေ့ကို ကိုရီးယားကားထဲကလို ထွက်လာရမှာမလား။ အခုတော့ ငါ့ကို ငပေါအကိုကြီးလို့မြင်နေပြီလားမသိဘူး။

ကျောင်းတက်ခါနီးပြီဆိုတော့ ပိုင်နဲ့အတူစာအုပ်တွေလိုတာရှိတာတွေဝယ်ရမယ်။ ဝယ်ရင်းချောကလပ်မုန့်လေးကျွေးပြီး နောက်ပိုင်း ပိုင့်ရှေ့ဆို အမိုက်စားနေပြရမယ် ငါ့ခန္ဓာကိုယ်ကတော့ပြောနေစရာမလိုအောင်ကိုမိုက်နေတာမို့ အေးဆေး မျက်နှာကလဲ ချောပြီးသားဘဲ ပိုင်အသက်ပြည့်ခါနီးကစပြီး ကြွေလာအောင် လုပ်နိုင်လောက်ပါတယ် အင်း....
ငိုသံကြီးနှင့်ပြောနေသောနေသူရိန်

^^^^^^^^^^^^^^^^^^^^^^^^^

"ကလင်....ကလင်"

လာပြန်ပြီလား ဒီအကို တစ်ပတ်ကိုဘယ်နှစ်ခေါက်လောက်သူ့စီလာနေတာလဲ မသိပေ။ သူသိတာတော့ တစ်ဦးတည်းသောသားဖြစ်သည်ကြောင့် သူ့ညီလေးလိုချစ်နေတာတော့ သိတယ်။ ပုံဆွဲတာလည်းတစ်ခါမှ မမြင်ဖူးဘူး အားနေပုံဆွဲပါလား အားအားယားယားလာနေတာ အိမ်လည်နေတာက ကလေးတစ်ယောက်လိုဘဲ သူကအကြီးလားကိုယ်ကအကြီးလား မသဲကွဲဘူး ဒါပေမဲ့လည်း ရေခဲမုန့်စားရတယ်လေ ဟဲ...ဟဲ။ 

ရေခဲမုန့်စားဖို့သာတွေးနေ့ပြီး အိမ်ရှေ့မှာ စက်ဘီးဖြင့်ရပ်စောင့်နေတာကို တံခါးမဖွင့်ပေးဘဲ ရပ်နေသောပိုင်ကြောင့်။

"ပိုင်မှူးသံစဉ်....ဟ"

"ကိုယ်ခေါ်တာကြာနေပြီဘာတွေဒီလောက်တောင်စဉ်းစားနေတာလဲ"

"ဪ အကိုကလဲ အခုမှ စလာဖူးတာလဲမဟုတ်ဘူး တံခါးကိုကိုယ့်ဟာကိုဖွင့်ဝင်ခဲ့လေ"

နွေးထွေးသောရပ်ဝန်း (A warm zone)Donde viven las historias. Descúbrelo ahora