"မိုးက ဒီရာသီကြီးမှာ ဘာလို့ရွာလာရတာလဲကွာ ထီးပါလို့တော်သေးတယ်"နေသူရိန်ထီးကိုင်ထားပြီးလက်တစ်ဖက်နှင့်စက်ဘီးနင်းရသည်မို့ဖြည်းဖြည်းသာနင်းခဲ့သည်။
"အိမ်မှာ မနေချင်လို့ ထွက်လာပါတယ်ဆိုမှ....ကျစ်...
မထူးတော့ပါဘူး ခဏသွားကြည့်ပြီးမှပြန်တော့မယ်"နေသူရိန် ည8နာရီကြီး ပိုင်ရဲ့အိမ်ရှေ့ကို သွားခဲ့သည်။
နေသူရိန် စက်ဘီးကို ရပ်ကာထီးကိုင်၍ ပိုင် ဆီကိုသွားခဲ့
သည်။ ပိုင်က နေသူရိန်ကိုကျောပေးရပ်ထားသည်မို့မမြင်ရပေ။ နေသူရိန် ပိုင့်ကိုထီးဆောင်းပေးလိုက်တော့ ပိုင်က
ချက်ချင်ပင်နောက်ပြန်လှည့်လာသည်။ ထီးတစ်မိုး
အောက်တွင် နေသူရိန်ရောပိုင်ရောရောက်သွားလေသည်။*ဟင် မျက်လုံးတွေက.......ငိုထားတာလား...ဘာဖြစ်
ထားတာလဲ*"အကို နေသူရိန် အကို ညကြီး ဘယ်လိုလုပ်ရောက်လာတာလဲ......"
"မင်းကကော မိုးရွာကြီးထဲမှာဘာလုပ်နေတာလဲ အအေး
ပတ်ရင်ဘယ်လိုလုပ်မလဲ စာမေးပွဲနီးနေပြီ"နေသူရိန်ရဲ့ အသံဟာ အနည်းငယ်ပင်မာသွားသည်။ ဘာကိုစိတ်တိုနေလည်းဆိုတာတော့နေသူရိန်မသိပင် သူရှေ့ကကောင်လေးငိုထားတာတွေ့တော့နေသူရိန်ရဲ့ ရင်ဘက်ထဲ စို့ကြပ်ကာ အစိတ်စိတ်အမွှာမွှာကြေကွဲရသလိုပင်ဖြစ်ရသည်။
"ကျွန်တော့် ဟာကျွန်တော် ဘာလုပ်လုပ်ပေါ့ အကိုနဲ့ဘာ
ဆိုင်လို့လဲ အကိုလဲပြန်စရာရှိတာပြန်ပါတော့""တောင်းပန်ပါတယ် မင်းကိုအော်ဖို့မရည်ရွယ်ပါဘူး တစ်ကယ်တောင်းပန်ပါတယ်ကွာ"
ရုတ်တရက် နေသူရိန်ဆောင်းပေးထားတဲ့ထီးကိုပိုင် ယူကာဘေးကိုပစ်လိုက်သည်။
"ဘာလုပ်တာလဲကွာ"
ဒီတစ်ခါအသံကတော့ ဒေါသထွက်နေတဲ့အသံမဟုတ်ပေကလေးတစ်ယောက်အား ချော့နေသည့်အသံအလား...
![](https://img.wattpad.com/cover/336628104-288-k518474.jpg)
YOU ARE READING
နွေးထွေးသောရပ်ဝန်း (A warm zone)
Fantasyနေသူရိန် အပေါ်ယံတွင်အများသူ အားကျရလောက်အောင်အေးချမ်းလှတဲ့မိသားစုကိုပိုင်ဆိုင်ထားကာငယ်စဉ်တည်းက စိတ်ဒဏ်ရာဖြင့်ကြီးပြင်းခဲ့ရပြီး လူအများနှင့်တစ်သီးတစ်သန့်ခွဲခြားနေထိုင်တတ်တဲ့ နေသူရိန် ပိုင်မှူးသံစဉ် ပျော်ရွှင်စရာမိသားစုဘဝလေးဟာရုတ်ချည်းဆိုသလိုပျောက်ကွယ်...