အပိုင်း(၅)U/Z

197 12 1
                                    


ပိုင်မှူးသံစဉ်တစ်ပတ်လုံးအခန်းထဲကမထွက်ဘဲ နေနေသည်။ ပိုင်တို့နှင့်အတူဖွားဖွားလာနေပေးပေမဲ့လဲ ပိုင်ကဖေဖေနဲမေမေပြန်လာမှ အခန်းထဲက ထွက်မယ်ပြောပြီးခေါင်းမာနေတုန်းပင်။

"မြေးလေးထမင်း စားဦးလေကွယ်"

"တော်ပြီ မစားတော့ဘူးဖွားဖွား မေမေနဲ့ဖေဖေရန်ကုန်ကပြန်လာတာစောင့်ဦးမယ်"

"ပိုင် ညီလေး..."

"ထမင်းတော့စားပါဦးကွာ ကိုကိုမင်းကြိုက်တဲ့ချောကလပ်ကိတ်လုပ်ထားတယ်လေ"သုတသူ့ညီလေးကိုပြောရင်းငိုချင်လာသဖြင့်အသံနစ်သွားရသည်။ သူကအကိုကြီး
တစ်ယောက်ဖြစ်သည်မို့ညီလေးရှေ့တွင်သန်မာပြရပေမဲ့သူလဲယခုအခြေအနေကိုတောင့်မခံနိုင်ပါ။

"ဖွားဖွား သားမှာအခုညီလေးဘဲရှိတော့တာ ဖေဖေနဲ့မေမေကလဲသားတို့ကိုထားသွားပြီ"

"သားရယ် ဖွားဖွား ရှိပါတယ်နော် ဘာမှစိတ်အားမငယ်နဲ့နော်"

"သား အခုအကိုကြီးအဖရာဆိုသလိုညီလေးရှေ့မှာသန်မာအောင် စောင့်ရှောက်နိုင်အောင် ကြိုးစားမယ်လို့ကတိပေးပါတယ် ဒါပေမဲ့အခုတစ်ခါတော့ ဘာမှမတွေးဘဲ ငိုပါရစေဖွားဖွား"

"အေး အေး ငိုချလိုက်နော်စိတ်ထဲတင်းမခံထားနဲ့လာ ဖွားဖွားစီကိုလာခဲ့"

သုတဖွားဖွားကိုဖတ်ကာရှိုက်ကြီးတငင်ငိုတော့သည်။

ဖွားဖွားလဲ နှစ်သိမ့်ပေးရုံကလွဲပြီးဘာမှမပြောနိုင်ပါ။ သူကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးထားတဲ့သားကသူ့ထက်အရင်စောပြီး ထွက်သွားတာမလား...

ပ်ိုင်အပြင်ဘက်မှာဖက်ကာရှိုက်ကြီးတငင်ငိုနေတဲ့သူ့အကိုနှင့်အဖွားစကားပြောသံကိုစဆုံးနားထောင်မိသည်။
ပိုင်အခုထိလက်မခံနိုင်ပါ သူချစ်ရတဲ့ဖေဖေနဲ့မေမေကရုတ်တရက်ကြီးကားအက်စီးဒန့်ဖြစ်ပြီး ဆုံးသွားပြီတဲ့ ဖေနဲ့မေရန်ကုန်မသွားခင်ကဘဲ ပိုင်ဖေဖေနဲ့မေမေရှေမှာ တယောလေးထိုးပြနေခဲ့သေးတာကို ရုတ်တရက်ကြီး
ဖေဖေနဲ့ မေမေက....

"ဟင့် သားတောင်းပန်ပါတယ် ခုဖြစ်နေတာတွေအားလုံးကအိပ်မက်သာဖြစ်ပါ့စေ တစ်ကယ်အိပ်မက်ဆိုရင်နိုးထချင်နေပြီး ဒီလို ငိုကြွေးမူတွေ ပူဆွေးမူတွေပြည့်နှက်နေတဲ့ အိမ်မှာမနေချင်ဘူး ဖေဖေနဲ့မေမေ ရှိပြီး ပျော်ရွှင််မူတွေပြည့်နှက်နေတဲ့အရင်အိမ်လေးလိုဘဲဖြစ်စေချင်တယ် အဲ့ကြောင့်ဖေဖေနဲ့မေမေပြန်လာပေးပါ"

နွေးထွေးသောရပ်ဝန်း (A warm zone)Where stories live. Discover now