အပိုင်း(14)U/Z

105 5 0
                                    

"အဖွား ဟိုလေ တစ်ခုလောက်မေးချင်လို့ ပိုင်ပြောတယ် သူ့မှာ အကိုရှိတယ် ဆို မိဘတွေခရီးသွားတာလိုက်သွားတာတဲ့ ခုထိပြန်မလာကြသေးဘူးလားဟင် အဖွား ဘယ်သွားကြတာမို့ ဒီလောက်ကြာနေကြတာလဲဗျ"

"ဖွားဖွားတို့ အတွက် ပြောပြချင်စရာမကောင်းတဲ့ကိစ္စကြီးပါကွယ်"

"ကိစ္စကြီး...."

"ဟုတ်တယ် ပိုင်မှူးသံစဉ်လေးကတစ်ကယ်ကသနားစရာကောင်းတဲ့ ကလေးလေးလေး ဖွားဖွားရဲ့မြေးလေးက တစ်ကယ်ကိုသနားစရာပါကွယ်...မိဘနှစ်ပါးစလုံးကိုကားအက်စီးဒန့်ဆိုတဲ့ ဖြစ်ရပ်ဆိုးကြီးနဲ့အတူ လောကကြီး
ကဆွဲထုတ်သွားတဲ့အပြင် သူရဲ့ အကိုကိုပါ ဆုံးရှုံးလိုက်ရပြီး မိသားစုထဲမှာဆိုလို့ သူတစ်ယောက်ထဲ ကျန်ခဲ့ရရှာတာ...အဲ့ဒီအဖြစ်အပျက်တွေကို သူ့အသက်အရွယ်လေးနဲ့တစ်ယောက်ထဲ ရင်ဆိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလေ ဒါကြောင့်သူလဲ လိုက်သွားဖို့ဆုံးဖြတ်ခဲ့တယ်နဲ့တူရှာတယ် သူ့လက်ကောက်ဝတ်ကအမာရွတ်က သူဘယ်လောက်ခံစားခဲ့ရလဲဆိုတာကြည့်တာနဲ့ သိသာတယ်"

"ဗျာ!!...အက်စီးဒန့်...ဆုံးသွားကြတယ်...ပြီးတော့ တစ်ယောက်ထဲကျန်ခဲ့တယ်...ကိုယ့်ကိုယ်ကိုတောင်သက်သေဖို့တောင်ကြိုးစားတယ်....ဖွားဖွား..ကျွန်...ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး ပိုင်....ပြန်လာရင်ပြန်သွားပြီလို့ပြောပေးပါဦး။ နောက်နေ့ကြထပ်လာလည်ပါ့မယ်လို့ပြောပေးပါဖွားဖွား..."

"အေးပါကွယ်....ဂရုစိုက်ပြန်နော် ပိုင့်ကိုပြောလိုက်မယ်ပါ့မယ်"

နေသူရိန် ရင်ဘက်ထဲမွန်းကြပ်လာရုံသာမက သူအချစ်ရဆုံး သူက ငယ်ငယ်ရွယ်ရွယ်နဲ့ဒီလောက်ကြုံတွေ့ခဲ့ရတယ်ဆိုတာကို တွေးကြည့်ရုံနဲ့တင်မခံစားနိုင်တော့ပါ။ ဒါကြောင့်ပိုင့်အိမ်ထဲကဒီထက်ပိုမဆိုးလာခင် မြန်မြန်ထွက်လာကာ အိမ်ကိုစက်ဘီးဖြင့်အမြန်နင်းလာခဲ့သည်။

အခန်းတွင်းသို့ရောက်ရောက်ချင်း သူရေးဆွဲခဲ့သည့်ပန်းချီကားချပ်များအားကြည့်အား ပြိုလဲကျမိသည်။

"ပိုင်...ဟင့်...မင်းဘယ်လောက်တောင်ခံစားခဲ့ရမလဲ တောင်းပန်ပါတယ်...ဒါတွေကိုမသိဘဲ....မင်းကိုပုံမှန်လူတစ်ယောက်အဖြစ်ရှင်သန်နိုင်အောင်ဖိအားတွေအရမ်းပေးနေမိတယ်ထက်တယ် တောင်းပန်ပါတယ်"

နွေးထွေးသောရပ်ဝန်း (A warm zone)Onde histórias criam vida. Descubra agora