ရန်ကုန် မြို့ရှိ တိုက်ခန်းတစ်ခုတွင်ဖြစ်သည်....
"ခင်ဗျား....ဘာလို့ နောက်ကျနေတာလဲ"
"sorry ကိုယ် အလုပ်ကိစ္စလေးရှိနေလို့ ဒီမှာ ကြေးအိုး
ဝယ်ခဲ့တယ်""ဟုတ်လား...ကျွန်တော့်အတွက်ဝယ်လာတာလား"
"မဟုတ်ဘူး ခိုးလာတာ"
"ဒီတိုင်း မေးကြည့်တာကို"
"သုတသံစဉ်!!!
ရစ်ရှည်မနေဘဲ ကြေးအိုး ကိုထည့်ခဲ့တော့
ငါဗိုက်ဆာနေပြီကွ.....""ဒီမှာ ခင်ဗျား ကျွန်တော့် ကို အဲ့လိုအသံမာမာနဲ့မအော်နဲ့ မကြိုက်ဘူး ခင်ဗျားနဲ့ ပျော်လွန်းလို့များ နေနေရတယ်ထင်နေလား ဒီလိုဖြစ်အောင်ခင်ဗျား ဘဲခေါ်လာတာလေ"
"ကျစ်.....သုတ မင်း လီးလီးလားလားတွေ မပြောဘဲနေလို့မရဘူးလားကွာ ငါဗ်ိုက်ဆာနေပြီ"
"ခင်ဗျားကြီး ကိုပြောရမှာလေ ကျွန်တော်ကမေးရင်ကောင်းကောင်းဖြေလိုက်ရင်ပြီးနေပြီ"
"ဟင်း.....တော်ပြီ ငါ့ဟာငါဘဲ ထည့်စားတော့မယ် စားချင်စားမစားချင်အငတ်သာနေတော့ကွာ"
"ဘာလို့ အငတ်နေရမှာလဲ စားမယ်...ပေး"
*ဟူး ခြေနှစ်ချောင်းမကယ်ကောင်းတဲ့ ဒီကောင်လေးကိုသနားမိလို့ခေါ်ဖွက်ထားမိပါတယ် တစ်ခါလောက်ခိုင်းရင် ဆယ်ခွန်းလောက်ပြန်အော်ခံရတယ်အဖြစ် ငါ့လိုဇေယျာမင်းထင်ဆိုတဲ့ကောင်က လူဆယ်ယောက်လောက်ကိုတစ်ယောက်ထဲနဲ့ အပြိုင်ဖိုက်ခဲ့ရပေမဲ့ ဒီသကောင့်သားကိုတော့ စကားနဲ့တင်မနိုင်*
"ဟူးးးးး"
"ဘာဖြစ်ပြန်တာလဲ ဘာလဲ ခင်ဗျားက ကျွန်တော့်ကို ခေါ်ထားရတယ်ဆိုပြီး နောင်တရနေတာမလား သက်ပြင်းတွေဇွတ်ချမနေနဲ့ ရတယ် မနေနဲ့ဆိုလဲ ထွက်သွားပေးမယ်ဗျာ"
"ဟ....ငါဘာပြောနေလို့လဲ ကိုယ့်ဟာကိုတောင်သက်ပြင်းမချရတော့ဘူးလား နေပါဦးမင်း ရာသီလာနေတာလား
မင်းကြည့်ရတာ မိန်းမတွေလိုရာသီလာတဲ့အချိန်လို ဖြစ်နေတယ်"
![](https://img.wattpad.com/cover/336628104-288-k518474.jpg)
YOU ARE READING
နွေးထွေးသောရပ်ဝန်း (A warm zone)
Fantasyနေသူရိန် အပေါ်ယံတွင်အများသူ အားကျရလောက်အောင်အေးချမ်းလှတဲ့မိသားစုကိုပိုင်ဆိုင်ထားကာငယ်စဉ်တည်းက စိတ်ဒဏ်ရာဖြင့်ကြီးပြင်းခဲ့ရပြီး လူအများနှင့်တစ်သီးတစ်သန့်ခွဲခြားနေထိုင်တတ်တဲ့ နေသူရိန် ပိုင်မှူးသံစဉ် ပျော်ရွှင်စရာမိသားစုဘဝလေးဟာရုတ်ချည်းဆိုသလိုပျောက်ကွယ်...