မနက်ကကျောင်းကိုလာတော့စက်ဘီးတိုက်မလိုဖြစ်ပြီးခြေထောက်ခေါက်လဲတာကဖြစ်ပြီးပြီးချင်း မနာပေမဲ့
စာသင်ရင်းခြေထောက်ခေါက်လဲရာနေရာက
တစ်ဆစ်ဆစ်ကိုက်လာသည်။"ပိုင်မှူးသံစဉ်....ခြေထောက်ကဘာဖြစ်တာလဲ"
"ဘာမှမဖြစ်ပါဘူးဒီတိုင်းခေါက်လဲထားလို့"
"သွား...သွားထိုင်နေ ငါထမင်းချိုင့်ယူပေးမယ်"
"ကျေးဇူးဘဲနော် ဒါနဲ့ နမည်က..."
"နင်ကလဲဟာ...ကိုယ့်အခန်းကနမည်လေးတွေတော့
မှတ်ထားပါဦးဟ""အင်းပါ...ငါပြောင်းလာတာလဲမကြာသေးတော့အဲ့ဒါကြောင့်"
"မှတ်ထား...ငါ့နမည်ကပြည့်မှူးအိမ်"
"အင်းပါ"
"အင်း....အဲ့ဆို...ငါထမင်းသွားစားလိုက်ဦးမယ်နော်နင်လဲစားတော့"
"အင်း.."
"ဟက်...ပြည့်မှူးအိမ် လာဒီဘက်လာခဲ့"
"အေး....ဘာဖြစ်လို့လဲ"
"သူနဲ့သွားမပေါင်းနဲ့ သူ့တစ်မိသားစုလုံးဆုံးသွားတာသူနဲ့သူ့အဖွားဘဲကျန်ခဲ့တာတဲ့ နင်ပါကံဆိုးနေဦးမယ် သွာရပက်သတ်မိရင်"
"ဟ...နင်ကလဲ သူနဲ့ဘာဆိုင်လို့လဲ အဲ့လို့ လျှောက်မပြောနဲ့သူများကို"
"ငါကစေတနာနဲ့ပြောပြတာပါ"
"အေးပါ"
ပိုင်မှူးသံစဉ် အကုန်လုံးကိုကြားလိုက်ရပါသည်။ ဒါတွေအကုန်လုံးခုမှစကြားရသည်မဟုတ် သူကြားရတာအခေါက်ပေါင်းများစွာ မရေတွက်နိုင်တော့ပေ။ ပြောသမျှအား
ပြန်ပြောမနေတော့ပေ။ ခြေထောက်မှလည်းတစ်ဆစ်ဆစ်ကိုက်လာသည်ကြောင့် ထမင်းစားပြီး စာသင်ခုံပေါ်
တွင်ဒီတိုင်းထိုင်နေလိုက်သည်။ စကားပြောစရာလည်းလူမရှိသည်မို့ မနက်ကအဖြစ်အပျက်တစ်ခုအတွေးထဲဝင်ရောက်လာသည်။ ခန္ဓာကိုယ် ကြီးကြီး အနည်းငယ် ပြည့်ပြည့် လေးဖြစ်ပြီး အူကြောင်ကြောင်နဲ့ အဲ့ဒီအကိုဟာ
အရင်နေ့ကတည်းကအိမ်ပြန်လမ်းမှာ ခဏခဏကြည့်နေသည်မို့သတိထားမိလေသည်။သူ့အကြောင်းစဉ်းစားတုန်းရှိသေး အခန်းရဲ့ အရှေ့က ဖြတ်လျှောက်သွားလေသည်။ ကျောင်းတက်တာ
နည်းနည်းလိုဦးမှာမို့ စားပွဲပေါ်လက်တင်ကာ နည်းနည်းမှေးရန်ပြင်လိုက်သည်။ ထိုအချိန် နောက်တစ်ခေါက်ပြန်ဖြတ်သွားပြန်လေသည်။
YOU ARE READING
နွေးထွေးသောရပ်ဝန်း (A warm zone)
Fantasyနေသူရိန် အပေါ်ယံတွင်အများသူ အားကျရလောက်အောင်အေးချမ်းလှတဲ့မိသားစုကိုပိုင်ဆိုင်ထားကာငယ်စဉ်တည်းက စိတ်ဒဏ်ရာဖြင့်ကြီးပြင်းခဲ့ရပြီး လူအများနှင့်တစ်သီးတစ်သန့်ခွဲခြားနေထိုင်တတ်တဲ့ နေသူရိန် ပိုင်မှူးသံစဉ် ပျော်ရွှင်စရာမိသားစုဘဝလေးဟာရုတ်ချည်းဆိုသလိုပျောက်ကွယ်...