ပိုင် နေသူရိန် နှင့် ကျောင်းသွားကျောင်းပြန် စက်ဘီးလိုက်စီးရသည်မှာ မိုးရေထဲ စက်ဘီးစီးကတည်းက နှစ်ခြိုက်မိလာသည်။ ပိုင့်မှာသူငယ်ချင်းရှိလားဆို မရှိပါ တစ်ခါလေ ပြည့်မှူးအိမ် နှင့် စကား ပြောဖြစ်တာကလွဲ ရင် အများအားဖြင့်ပိုင် တစ်ယောက်ထဲသာရှိနေတတ်သည်။
"ပိုင် မင်းဘာလို့ သူငယ်ချင်းမထားတာလဲ"
"ကျွန်တော်မထားတာမဟုတ်ပါဘူး အခုမှ ပြောင်းလာတာမကြာသေးတာရော သူတို့က စကားလာမပြောတာကြောင့်လေ"
"ဒါ...ဒါဆိုမင်းက သွားပြောလေ"
"နေပါဦး ကျွန်တော့်ကို ပြောနေတာ အကိုကကော ဒီကျောင်းမှာတက်တာကြာပြီမလား ဘာလို့ သူငယ်ချင်းမရှိတာလဲ"
"ငါ...ငါက တစ်ယောက်ထဲနေရတာကြိုက်လို့ကွာ"
"ဒါ ဆို အခုကကော ကျွန်တော်နဲ့ ကျောင်းသွားကျောင်းပြန်လုပ်နေရတာ ကောအနှောင့်ယှက်မဖြစ်ဘူးလား"
"မ...မဖြစ်ပါဘူး မင်းကိုငါကညီလေးတစ်ယောက်လို
ခင်လို့ ငါက တစ်ဦးတည်းသောသားလေ အဲ့ဒါကြောင့်""ကျွန်တော်က ညီအကိုနှစ်ယောက်ရှိတယ် ကျွန်တော့်အကိုက အသက်5နှစ်ပိုကြီးပြီးတော့ ကလေးလိုဘဲအ
နိုင်ကျင့်တယ် မုန့်လဲလုစားတယ် TVကြည့်ရင်လဲလု
ကြည့်တယ် ဘာတစ်ခုမှ မကောင်းဘူး နောက်ပြီး.....
*ပစ်ထားတယ်*"နောက်ပြီး....ဘာဖြစ်လို့လဲ"
"ဘာမှမဟုတ်ပါဘူး"
"ကျောင်းရောက်ပြီ အကိုစက်ဘီးသွားထားလိုက်ဦးမယ် ဒီမှာခဏစောင့်နေနော်"
"ဟုတ်"
နေသူရိန်စက်ဘီးသွားထားရင်း
*နေပါဦး ငါ ပိုင့်အိမ် သွားတိုင်း သူ့အဖွာနဲ့ဘဲတွေ့ခဲ့တာ သူ့မိဘရော အကိုတွေရော မတွေ့မိပါဘူး*နေသူရိန်စက်ဘီးသွားထားနေသည်မို့ပိုင်ရပ်စောင့်နေသည်။
*ငါ့ကိုဘာလို့စောင့်ခိုင်းနေတာလဲ ကျောင်းထဲရောက်နေပြီမဟုတ်ဘူးလား....မထူးတော့ပါဘူးစောင့်လိုက်ပါ့မယ်*
"ရောက်ပြီ....ဟူး"
"ဘာလို့ပြေးလာတာလဲ"
"မင်းအကြာကြီးစောင့်နေရမှာစိုးလို့ပါ ဒါဆိုသွားမယ်လေ"
YOU ARE READING
နွေးထွေးသောရပ်ဝန်း (A warm zone)
Fantasyနေသူရိန် အပေါ်ယံတွင်အများသူ အားကျရလောက်အောင်အေးချမ်းလှတဲ့မိသားစုကိုပိုင်ဆိုင်ထားကာငယ်စဉ်တည်းက စိတ်ဒဏ်ရာဖြင့်ကြီးပြင်းခဲ့ရပြီး လူအများနှင့်တစ်သီးတစ်သန့်ခွဲခြားနေထိုင်တတ်တဲ့ နေသူရိန် ပိုင်မှူးသံစဉ် ပျော်ရွှင်စရာမိသားစုဘဝလေးဟာရုတ်ချည်းဆိုသလိုပျောက်ကွယ်...