အပိုင်း(7)U/Z

130 9 1
                                    

"မှောင်မဲနေတာဘဲ"

"ငါ...ငါဘယ်ရောက်နေတာလဲ"

အရှေ့တွင်အလင်းရောင်းတစ်စတစ်စပေါ်လာပြီးကားတစ်စီး....

"ဟင်အရှေ့ ကကား....ကားက....တိုက်ထားတာလား"

"ဟင်"

"ဖေဖေနဲ့မေမေ"

"သားကယ်ပါဦး သား"

"ခဏတောင့်ထားပါဦး သား ရအောင်ထုတ်ပေးမယ် ကယ်ကြပါဦး..."

"ဒုန်း....ဒုန်း..."

"ဟင့်...ဘာလို့ကားကဖွင့်မရတာလဲ အားးးး"

"ဟင် ဘယ်ရောက်သွားတာလဲ ခုလေးတင်ဘဲ အရှေ့မှာရှိနေသေးတာကို ဟင့်"

"အ....အသက်ရှူကြပ်တယ် ဘာမှမမြင်ရတော့ဘူး ကယ်ပါဦး"

"အားးးး"

နောက်ဆုံးမှာအိပ်ယာနိုးလာခဲ့လေသည်...တစ်ကိုယ်လုံးချွေးတွေရွှဲစိုနေသဖြင့် ဗီရိုထဲက အိင်္ကျီ ထုတ်လဲ ကာ ပြန်အိပ်ရန် ကြိုးစားသော်လဲ အရာမထင်ပေ။

"အိပ်မက်ဆိုးတွေ မက်ပြန်ပြီ မနက်ဖြန် ဖေဖေနဲ့မေမေ နှစ်ပတ်လည်ဘဲ တစ်ကယ်လို့ဖေဖေမေမေနဲ့ကိုကိုသာ ခုထိရှိသေးရင်ဘယ်လိုနေမလဲ ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးအဖြစ်ဆက်ရှိနေမှာသေချာတယ် မနက်ဆို
ကိုကိုနဲ့ကျောင်းသွားမယ် ဖေဖေကတစ်ခါတည်းအလုပ်သွား မေမေကအိမ်မှာငါကြိုက်တာတွေချက်ပြီးနေနေမလား တစ်ပတ်တစ်ခါမေမြို့သွားပြီးအနားယူနေဦးမလား ဘာလို့လဲ ဘာလို့လဲ အဲ့လိုလေးဖြစ်ပေးလို့မရဘူးလား ဘာလို့ငါတစ်ယောက်ထဲကိုဘဲထားခဲ့ရတာလဲ ဘာလို့ငါလဲ"

တွေးရင်းနှင့်ပင် မျက်ရည်များသီကာ ပါးပြင်ပေါ်သို့စီကျလာခဲ့လေသည်။ ဒီလိုဖြစ်တာပထမဆုံးအကြိမ်တော့မဟုတ်ပေ ညတိုင်းလိုလိုပင်ဖြစ်ခဲ့သည်။

ခြေထောက်အောက်ရောက်နေသည့်စောင်အားဆွဲယူကာတစ်ကိုယ်လုံးခြုံလိုက်သည်။ ပိုင်ကိစ္စတွေဖြစ်ပြီးထဲက အေးအေးပူပူအိပ်လျှင်စောင်ခြုံပြီးမှအိပ်တတ်သည်။
အဲ့လိုအိပ်မှ သူ့အတွက် နွေးထွေးလုံခြုံသလိုခံစားရစေပြီးအိပ်ပျော်စေသည်။

ညကအိပ်ရေးပျက်သည်ကြောင့် မနက်တွင်နောက်ကျမှနိုးထလာခဲ့ပြန်သည်။ နေ့ရက်တိုင်းမှာ မနက်ခင်းမျက်လုံးဖွင့်တာနဲ့ ရေရေရာရာမရှိ တစ်ယောက်ထဲ ဘာအဓိပ္ပာယ်မှမရှိတဲ့နေ့တွေကိုဖြတ်သန်းရတာဟာ အထီးကျန်စေတယ်။ မနက်ဖြန်တိုင်းမှာဘာတွေထပ်ပြီးပြောင်းလဲဦးမှာလဲ ဘာတွေထပ်ပြီးဆုံးရှုံးရဦးမှာလဲ.....

နွေးထွေးသောရပ်ဝန်း (A warm zone)Where stories live. Discover now