Part-2

372 10 0
                                    

Unicode

~~တစ်ခါက မောဝ်သုပါဒ~~
အပိုင်း(၂)

"နင်တစ်ချိန်လုံး စာအုပ်ပဲဖတ်နေတော့မလား လက်ရာ"

"ငါ့ဝါသနာကို "

"ပျင်းစရာကောင်းလိုက်တာ..."

ဂျူစီက နူတ်ခမ်းရူံ့လိုက်တော့ လက်ရာပြုံးလိုက်ပြီး

"ငါကတော့ စာဖတ်နေရရင်ကိုပျော်တယ် ပျင်းစရာလို့ မခံစားမိဘူး"

"နင်ပျော်မပျော်တော့မသိဘူး နင့်ကိုကြည့်ပြီး ငါတော့ အတော်ပျင်းလာတယ်"

လက်ရာဟက်ခနဲ့ရယ်လိုက်သည်။ မျက်မှန်ချွတ်ပြီး စာအုပ်ကိုဘေးအသာချကာ..

"နင်မှစာအုပ်ကိုမချစ်တတ်တာ ဂျူစီရယ် စာအုပ်တစ်အုပ်ကိုင်ထားရတာ ရည်းစားကို ထွေးပွေ့ထားရတာထက်တောင် စိတ်လူပ်ရှား ရင်ခုန်ဖို့ ကောင်းတယ် "

"တော်စမ်းပါ ရည်းစားလည်းမယ်မယ်ရရမရှိဘဲ အပိုတွေပြောပြန်ပြီ နင်တစ်ယောက်တည်းကို တစ်ကမ္ဘာလုံးကစာအုပ်တွေ ဖတ်နေရတဲ့အတိုင်းပဲ ဟွန့် .. ကြည့်မရတော့ဘူး"

"ဟောဗျာ အလကားနေရင်း..."

"အင်းလေး... ဂျူစီပြောတာလည်းမမှားပါဘူး နင်ကလည်းလွန်ကိုလွန်လွန်းတယ် လက်ရာ တစ်နေကုန် စာအုပ်နဲ့မျက်နှာကိုမခွာဘူး ဘာတွေ အသဲအသန်ဖတ်နေမှန်းမသိဘူး ဒါကြောင့် နင့်မျက်မှန်က တစ်နေ့တခြားပါဝါတိုးတိုးလာတာ"

အအေးခွက်လေးကိုင်ပြီး ခြံထဲဆင်းလာသည့် လရောင်ကလည်းဆိုလိုက်တော့ လက်ရာ ပုခုံးတစ်ချက်တွန့်ပြီး

"ငါ့ဘာသာ အေးအေးဆေးဆေး စာဖတ်နေတာကို ဘာတွေဂျေဝင်နေကြသလဲ ပြောပါဦး နင်တို့က ငါ့ကိုဘာလုပ်စေချင်လို့လဲ "

"အံမယ် ဂျေဝင်စရာလား ယူ့ကျန်းမာရေးအတွက် ပြောနေတာ နားလည်လား"

လရောင်မျက်စောင်းက လက်ရာထံဒိုင်းခနဲ့ပင် ရောက်လာသည်။ ဂီတာတစ်ဒေါင်ဒေါင် တီးနေသည့်သူရိယက ဂီတာအတီးရပ်လိုက်ပြီး..

"ပြောမနေနဲ့ ဒီကောင်က စာအုပ်ကိုဖက်ပြီး သေမဲ့ကောင်.."

လက်ရာ ပြုံးရုံသာပြုံးလိုက်၏။ တကယ်တမ်း သူတို့ဝိုင်းပြောချင်လည်း ပြောစရာပင်။ သူကိုယ်တိုင်က တစ်နေကုန်စာအုပ်အုပ်ပြီး အချိန်ကုန်နေတတ်သူ။

တစ်ခါကမောဝ်သုပါဒ Where stories live. Discover now