Part-13

179 9 0
                                    

Unicode

~~တစ်ခါက မောဝ်သုပါဒ~~
အပိုင်း(၁၃)

"အဲ့ဒီ့တစ်ယောက်ပဲ ခွန်း..."

ဥသြညွှန်ပြရာဆီသို့ ခွန်းစက္ကံလှမ်းကြည့်လိုက်သည်။ သူ့မြင်ကွင်းထဲတန်းဝင်လာသည်က ဆင်စွယ်ရောင် ကိုယ်ကျပ်ဝတ်စုံလေးနှင့် မိန်းကလေး။

ဖြူနုနုအသားအရည်က ဆင်စွယ်ရောင်နှင့် ပနံသင့်လှသည်။ အနည်းငယ်ပိန်သယောင် ထင်ရသော်လည်း ခန္ဓာကိုယ်အချိုးအစားကတော့ ပြေပြေပြစ်ပြစ်နှင့်လှသည်ဟု ဆိုရမည်။

မျက်တောင်စင်းစင်းလေးတွေအောက်မှ မျက်ဝန်းတို့က လှသည်ဆိုတာထပ်ပိုနေသည်။ ဆန့်ကျင်ဘက်လိင်ကို ဆွဲငင်ကျန်ခဲ့စေတာမျိုး..။

နှာတံလေးတွေကစင်းနေသလို ပန်းရောင်ခြယ် သထားသည့်နူတ်ခမ်းဖူးဖူးတို့ကလည်း လှလိုက်တာဆိုတာမျိုးထက် ချစ်စရာကောင်းနေသည်။ မျက်နှာသွယ်သွယ်လေးနှင့်သူမက အလှကြီး လှနေတာမျိုးမဟုတ်ဘဲ သဘာဝဆန်ဆန် ဆွဲဆောင်မူလေးနှင့် ဆန်းသစ်နေတာမျိုးရယ်။

အထူးသဖြင့် တင်ပါးထိနီးပါး ရှည်လျားနက်မှောင်နေသည့် ဆံနွယ်များက သူမကိုအတော်လေး လှသွားစေသည်။

မြင်လိုက်သည်နှင့်ဆွဲဆောင်မူအပြည့်နှင့် ပြင်းရှသွားတာမျိုးမဟုတ်ဘဲ သဘာဝကျကျ အလှတွေနဲ့ အပြစ်ကင်းစင်သော အလှတရားတို့က ထင်းခနဲ့ပင်။

အဖြူရောင်ပန်း....တဲ့

တကယ်အဖြူရောင်ပန်းတစ်ပွင့်လို သူမက ချစ်စဖွယ်ကောင်းနေပါသည်။ သို့သော် ထိုအရာထက် ပို၍ထူးခြားနေသည်က သူမဟာ ငေးရလောက်အောင်လှနေတာမျိုး မဟုတ်ဘဲကို ကြည့်လိုက်ရသည့်သူတိုင်း ရင်ထဲတစ်ခုခုဆွဲငြိကျန်ရစ်စေသည်။

ထူးဆန်းသည်။ ထိုခံစားချက်တို့က ပြောရခက်သည်။ ဘာမှန်းမသိသည့် ပြင်းအားတစ်ခုက သူမထံရှိနေသလိုမျိုးပဲလား။

"ဟဲ့...အသာကြည့်ပါဟ ဟိုကသိသွားလိမ့်မယ်"

ဥသြသတိပေးလိုက်မှ ခွန်းစက္ကံအသိဝင်လာပြီး မျက်နှာကြီးရဲသွားကာ..

"လှလို့ကြည့်နေတာမဟုတ်ဘူး ကောင်မလေးက တစ်ခုခုထူးခြားနေသလိုမျိုးခံစားရလို့ လှတာဆိုတာထက်ပိုနေတယ်"

တစ်ခါကမောဝ်သုပါဒ Where stories live. Discover now