Part-11

191 5 0
                                    

Unicode

~~တစ်ခါက မောဝ်သုပါဒ~~
အပိုင်း(၁၁)

"ကိုယ့်ဟိုတယ်လုပ်ငန်းရဲ့အစုရှယ်ယာရှင် တစ်ယောက်ဖြစ်တဲ့ အန်ကယ်မိုးကောင်းဟာ မြန်မာပြည်ရဲ့ထိပ်တန်းစီးပွားလုပ်ငန်းရှင်လို့ မပြောရဘူး စနစ်ကျလွန်းပြီး သိပ်တော်ပါတယ် သူနဲ့လုပ်ငန်းတူပူးပေါင်းရတဲ့အတွက် ကိုယ်တကယ်ကံကောင်းတယ် ပညာတွေလည်း အများကြီးသင်ယူခဲ့ရပါတယ် အခုလို အန်ကယ်ရဲ့သားသမီးတွေ ဟိုတယ်ရောက်လာပြီး အပန်းဖြေတယ် ကြားရတော့ဝမ်းသာမိတယ် ဘာပဲဖြစ်ဖြစ် ကိုယ့်အတွက်တော့ ညီငယ် ညီမလေးလိုပါပဲ လိူက်လိူက်လှဲလှဲကြိုဆိုပါတယ် ကြိုတာနောက်ကျသွားတဲ့အတွက် တကယ်ဆောရီးပါကွာ ကိုယ်လည်းပြန်ရောက်လာတာမကြာသေးသလို အလုပ်တွေရူပ်နေတော့ လာမတွေ့အားဘူးဖြစ်နေတယ် အခုမှပဲညစာစားဖို့ ဖိတ်နိုင်တော့တယ်"

"ဟာ.. ရပါတယ် ဒီလောက်ဆို ကျွန်တော်တို့အတွက် လုံလောက်ပါပြီဗျာ ခုလိုတခမ်းတနားနဲ့ ညစာဖိတ်ကျွေးပြီး အရေးတယူကြိုပေးတာနဲ့တင် ကျေးဇူးတင်လှပါတယ် ကျွန်တော်တို့က လူငယ်တွေဆိုတော့ ကျန်တာစိတ်ထဲမထားတတ်ပါဘူးဗျာ"

နွေးထွေးလိူက်လှဲလွန်းသော ခွန်ဟန်စဝ်ကို သူရိယက အားနာစွာပင်တုန့်ပြန်လိုက်သည်။ လရောင်ကတော့ ဘာမှမဆိုနိုင်ရှာ။ သူမမှာ ရှင်းသန့်ချောမောလွန်းသော ခွန်ဟန်စဝ်၏ မျက်နှာကိုသာ ခိုးခိုးကြည့်ရင်း ရင်ခုန်စိတ်လူပ်ရှား နေတော့သည်။

"ကဲ... ညီလေးတို့ရော ကျန်တဲ့သူငယ်ချင်းတွေပါ လွပ်လွပ်လပ်လပ်သုံးဆောင်ကြပါ ကိုယ့်ကိုအားမနာပါနဲ့ လိုအပ်တာရှိရင်လည်းပြောပါ"

"အတော်လေးပြည့်စုံနေပါပြီဗျာ"

သူရိယသာ ဒိုင်ခံဖြစ်နေရသည်။ လရောင်က ငေးကောင်းတုန်း။ အနားတွင်ထိုင်နေသည့် ဂျူစီက လက်ကိုအသာဆွဲဆိတ်ပြီး သတိပေးလိုက်ရသည် အထိပင်။

"ဟဲ့ နင်တော်ရုံတန်ရုံပဲငမ်းစမ်းပါ သိက္ခာလေးထိန်းပါဦး မြင်မကောင်းတော့ဘူး ..."

ဂျူစီတိုးတိုးကပ်ပြောမှ လရောင်လည်း ရှက်မိသွားကာ ဂျူစီကိုသာအရှက်ပြေ မျက်စောင်းထိုးလိုက်သည်။ သို့တိုင် အစားအသောက်ကို စမတ်ကျကျစားနေသည့် သူ့ထံကိုသာ အကြည့်တို့က မကြာခဏ ရောက်ရောက်သွားရပြန်သည်။

တစ်ခါကမောဝ်သုပါဒ Where stories live. Discover now