Part-6

228 11 0
                                    

Unicode

အပိုင်း(၆)

"Dinner Partyရှိတယ်ဟုတ်လား.."

မိုက်(ခ်)ကဝမ်းသာအားရဆိုတော့ ဦးစိုင်းမျိုးမြတ် ပြုံးလိုက်ရင်း

"ဟုတ်တယ်ငါ့တူ ဟိုတယ်က ဧည့်သည်တွေအတွက် ဝန်ဆောင်မူတစ်ခုအနေနဲ့ စီစဉ်ပေးထားတယ် မနက်ဖြန်ည၆နာရီစမယ် ပထမအပိုင်းမှာ နိုင်ငံခြားတေးဂီတတီးဝိုင်းနဲ့ ဖျော်ဖြေပြီး ဒုတိယပိုင်းကိုတော့ ဒေသရိုးရာဓလေ့နဲ့ဖျော်ဖြေလိမ့်မယ် "

"ဒေသရိုးရာဆိုတော့ပျင်းစရာမကောင်းဘူးလား ကျွန်တော်ကနိုင်ငံခြားသံစဉ်လောက်ပဲ နားဝင်တာ "

"မထင်နဲ့ငါ့တူ ဒေသခံလှပျိုဖြူတွေက ရိုးရာအကနဲ့ဖျော်ဖြေမှာမို့ ပျင်းချိန်တောင် ရှိမှာမဟုတ်ဘူး "

"ဒေသခံလှပျိုဖြူတွေဟုတ်လား ဒါတော့ကျွန်တော်စိတ်ဝင်စားတယ်"

သူရိယကဝင်ပြောလိုက်တော့ သူတို့အားလုံး ရယ်မိသွားသည်။ မိုက်(ခ်)ကပုခုံးတွန့်လိုက်ရင်း

"ရိုးရာတွေမကြိုက်ပေမဲ့ဒေသခံတိုင်းရင်သူတွေကိုတော့ ခံစားလို့ရတယ် အဆင်ပြေပါတယ်"

"အဟမ်း..."

တမင်တကာချောင်းဟန့်လိုက်သော ဂျူစီကြောင့် သူတို့ပြုံးမိပြန်၏။ မိုက်(ခ်)ကဂျူစီကို သိုင်းဖက်လိုက်ရင်း.

"ကိုယ့်ဘေဘီကမင်းတစ်ယောက်တည်းပါ ဒါတွေက ခဏအာရုံတွေ.."

"အင်းပါ ကြည့်ရသေးတာပေါ့..ဟွန့်"

"လူကြီးရှေ့မှာ နင်တို့နှစ်ယောက်တော်ရုံပဲ ကဲနော်"

လရောင်ကဦးစိုင်းမျိုးမြင့်ကိုအားနာဟန်ဖြင့် ဝင်ဟန့်လိုက်တော့ ဦးစိုင်းမျိုးမြင့်က

"ဟာ.. ရပါတယ် ကျွန်တော်ကလူငယ်တွေကို နားလည်ပေးတတ်ပါတယ်ဗျာ"

ဦးစိုင်းမျိုးမြင့်ကာ ဟိုတယ်မန်နေဂျာ တစ်ယောက်ပင်။ စကားသံဝဲဝဲနှင့် သဘောကောင်းလှသလို ဖော်ရွေလွန်းပြန်သည်။ အထူးသဖြင့် သူတို့အုပ်စုကို အလွန်ဂရုစိုက်သည်။ ဟိုတယ်ရှယ်ယာရှင်တစ်ယောက်၏ သားနှင့်အပေါင်းအပါများဖြစ်၍ ထင်သည်။ မည်သို့ပင်ဖြစ်စေ ဧည့်ဝတ်ကျေလွန်းသည်မှာ အမှန်ပင်။

တစ်ခါကမောဝ်သုပါဒ Where stories live. Discover now