Part-15

180 8 0
                                    

Unicode

~~တစ်ခါကမောဝ်သုပါဒ~~
အပိုင်း(၁၅)

"ဂျူစီ .. ဘေဘီတော်ပြီလေ ဘယ်ထိတောင် သွားနေသလဲ"

တဖြည်းဖြည်းမှောင်မိုက်လာသည့် ပတ်ဝန်းကျင်ကိုကြည့်ပြီး မိုက်(ခ်)ကလှမ်းဆိုလိုက်သော်လည်းဂျူစီ့ခြေလှမ်းတွေက ရပ်တန့်မသွားဘဲ

"လူတွေနဲ့အဝေးဆုံးနေရာကိုသွားနေတာလေ အချစ်ရဲ့ အဟင်း"

"အခုလည်းဝေးနေပါပြီဘေဘီရယ် ဆက်သွားရင် တောထဲရောက်သွားလိမ့်မယ်"

ဂျူစီကခြေလှမ်းတွေရပ်လိုက်ရင်း သူ့ကိုစောင်းငဲ့ကြည့်ကာ ညုတုတုနှင့်

"ဘာလဲကြောက်နေပြီလား... ပြောတော့ဂျူစီနဲ့အတူဆို ငရဲပြည်အထိလည်း လိုက်ရဲတယ်ဆို"

"အရမ်းဝေးရင်ပြန်ရခက်မှာစိုးလို့ပါကွာ"

"ဒါဆိုရင်လည်း မပြန်ဘဲနေကြတာပေါ့ ဘာခက်လို့ အချစ်ရယ်အဟင်း"

တိုးညှင်းညှင်းရယ်သံနှင့်ဆိုလိုက်သော ဂျူစီစကားကြောင့် မိုက်(ခ်)စိတ်ထဲတစ်မျိုးဖြစ်သွားသည်။ သို့သော် လူကလည်း အတော်မူးနေသဖြင့် သူသိပ်အာရုံမထားနိုင်။ ဂျူစီလက်ကို ဖျပ်ခနဲ့ လှမ်းဆွဲလိုက်တော့ အေးစက်စက်ဖြစ်နေသည်ကို သတိပြုလိုက်မိသည်။

"ဘေဘီမင်းအသားကလဲ အေးစက်နေတာပဲကွာ ဘယ်လိုဖြစ်ရသလဲ"

"အာ့ဒါဆိုလည်း .. နွေးအောင်လုပ်ပေးပေါ့ အချစ်ရဲ့"

ပြောရင်းဂျူစီက သူ့ကိုသိုင်းဖက်လိုက်တော့ ထောင်းခနဲ့သူရလိုက်သည်က အပုပ်နံ့အက်အက်တွေ။

မိုက်(ခ်)အော်ကလီဆန်သွားရင်းမှ..

"ဘယ်ကအနံ့လဲ ဆိုးဝါးလိုက်တာကွာ"

"ဘာအနံ့မှမရပါဘူး ယူမူးနေပြီ လာ အိုင်အမူးပြေအောင်လုပ်ပေးမယ် "

ဂျူစီက ရုတ်တရက်သူ့ကိုတင်းနေအောင် ဖက်လိုက်တော့ သူအသက်ရှူကြပ်သလို ဖြစ်သွားရင်း

"ဂျူစီ... နေဦး..."

"ဟင့်အင်း ကျွန်မကရှင့်ကိုအပါခေါ်သွားမှာ"

အေးစက်စက်စကားသံကတစ်မျိုးကြီးဟု ခံစားလိုက်ရပြီး ဂျူစီ့မျက်နှာကိုငုံ့ကြည့်ရန် ပြင်လိုက်စဉ် ဝေ့ခနဲ့ကျလာသည်က ဓာတ်မီးအလင်းရောင်နှင့် အတူ

တစ်ခါကမောဝ်သုပါဒ Where stories live. Discover now