Part-9

206 9 0
                                    

Unicode

~~တစ်ခါက မောဝ်သုပါဒ~~
အပိုင်း(၉)

"ဘာပြောတယ်.."

သူအထိတ်တလန့်ဆိုလိုက်တော့ သူမသက်ပြင်းချမိရင်း

"ဟုတ်တယ်ခွန်း ငါအဲ့ဒီ့အတိုင်းကြားခဲ့တယ်"

"နင်သေချာရဲ့လား ဥသြ"

မယုံကြည်ဟန်ဖြင့် သူထပ်မေးလိုက်တော့ သူမလေးပင့်စွာပင် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဘယ်နှစ်ကြိမ်မြောက်မှန်းမသိအောင် သက်ပြင်းတွေ ချလိုက်မိ၏။

ကားထဲဆွယ်တာအင်္ကျီကျန်ခဲ့၍ ပြန်သွားအယူတွင် သူမကြားလိုက်ရသည်က...

"ငါမွေးလာကတည်းက ဘုရားကပေးလာတဲ့ ပြစ်ဒဏ်တစ်ခုပါလာတယ် အဲ့ဒါက မကောင်းဆိုးဝါးတွေကို မြင်နိုင်ကြားနိုင် အာရုံခံနိုင်တာပဲ ဟုတ်တယ် ဟိုတယ်ကြီးက သိပ်လှတယ် ဒါပေမဲ့ မကောင်းဆိုးဝါးတစ်ခုခု ရှိနေတယ်လို့ ငါခံစားရတယ် ပြီးတော့ ကြောက်စရာကောင်းလွန်းတဲ့ အငွေ့အသက်တစ်ခုကိုငါရတယ် ငါ့ဘဝမှာ သွေးပျက်စရာအကောင်းဆုံးခံစားမူမျိုးပဲ ငါကြောက်တယ် အထူးသဖြင့် ဘုရင်လိုဝတ်ထားတဲ့ လူကြီးတစ်ယောက်ကို သူ့ကိုငါမြင်မြင်နေရတယ် ငါ ငါအရမ်းကြောက်တယ်ဟာ..."

ဒီစကားကို တုန်လူပ်စွာရေရွတ်နေသော ကောင်မလေး၏မျက်နှာကာ အကြောက်တရားတို့ဖြင့် ဖြူဆုတ်နေ၏။ တဆက်ဆက်တုန်ယင်နေသော နူတ်ခမ်းတို့ကို ကြည့်ရုံနှင့် သူမကယောင်ကတမ်း ပြောနေတာမဟုတ်မှန်း ဥသြခံစားမိပါသည်။ ပြီးတော့ ဟိုတယ်တစ်ဖြစ်လဲ ဟော်နန်း၏ရာဇဝင်အရ သူမစကားတို့နှင့် ဆက်စပ်မူရှိနေသောအခါ..

ဥသြအလွန်အံ့သြသင့်သွားရသည်။ လွယ်လင်တောင်မှာကတည်းက မမြင်သင့်သည်ကို မြင်နေလိုက်ရပုံပေါ်သည့် ဒီကောင်မလေးကို ဥသြသတိထားမိပါသည်။ သို့သော် ပုံမှန်ကံနိမ့်နေသည်ဟုသာ တွေးလိုက်ပါရဲ့။

တကယ်တမ်းကျသူမပေါ့ပေါ့တန်တန် တွေးလိုက်သလိုမဟုတ်ပါ..။ ဒီကောင်မလေးဟာ ဟော်နန်းရဲ့ကြောက်စရာအကောင်းဆုံးအရာတစ်ခုကိုတောင် ခံစားသိရှိနိုင်ခဲ့သည်တဲ့။

ဒါ...ဘယ်လိုလုပ်ဖြစ်နိုင်မည်လဲ။
နူတ်ဖြင့်ပင်ဖွင့်မဆိုဝံ့အောင် ထိုအဆိုးဝါးဆုံး အရာသည် ဂါထာမန္တန်တွေ၏ ချုပ်နှောင်မူအောက်မှာ နှစ်ပေါင်းများစွာ အိပ်စက်သွားခဲ့ပြီ မဟုတ်လား..။

တစ်ခါကမောဝ်သုပါဒ Where stories live. Discover now