Part-18

172 5 0
                                    

Unicode

~~တစ်ခါက မောဝ်သုပါဒ~~
အပိုင်း(၁၈)

ကယောင်ချောက်ချားအိပ်မက်တစ်ခုပဲလား
အမှန်တကယ် ခံစားနေခဲ့ရသည်လား။

အဖြူရောင် ဘာကိုမှမခွဲခြားနိုင်တော့သည်အထိ စိတ်တွေဝေဝါးရူပ်ထွေးနေတော့၏။သေချာသည်က သူမစိတ်ခံစားချက်အားလုံးတို့သည် တစ်စုံတစ်ရာ၏ဆွဲငင်မူအောက်မှာ လွင့်မျောချင်တိုင်း လွင့်မျောနေခဲ့သည်။

အမျိုးအမည်မသိသော ခံစားချက်ပေါင်းစုံ ရောယှက်ရူပ်ထွေးနေခဲ့သည်မှာ သူမကိုယ်တိုင် ဘယ်လိုမှအဖြေရှာမရအောင်ဖြစ်နေရသည်။ တစ်စုံတစ်ယောက်သည် သူမအနားရှိနေသည်။ သူမစိတ်ဝိညာဉ်တို့ကို ချုပ်ကိုင်နေသည်ဟု ခံစားနေမိသည်မှာလည်း ထူးဆန်းလှပါသည်။

ပို၍ထူးဆန်းခဲ့သည်က....
အော်သံတွေ၊ညည်းညူသံတွေ ပြီးတော့ သူမကိုခေါ်သံတွေကို အဖြူရောင်ကြားနေရ၏။

ဟုတ်သည်.... အခန်းတစ်ခန်း။

ထိုအခန်းထဲတွင် အသံပေါင်းစုံကို သူမကြားလိုက်ရသည်။ ထို့ပြင် နာကျင်မူတွေ၊ ဆိုးညစ်မူတွေနှင့် သွေးရောင်အတိ လွှမ်းနေသည်ကိုလည်း ခံစားခဲ့ရသည်။ ကြောက်စရာကောင်းသော အရာတွေ၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်ဟာ အခန်းထဲသေချာပေါက် ရှိနေမည်ကို သူမအလိုလိုသိနေပါသည်။

ပြီးတော့...ထိုအရာသည် သူမကိုအခန်းရှေ့ ဆွဲခေါ်လာခဲ့၏။ သူမစိတ်အစဉ်တို့သည့် လွင့်မျောချင်တိုင်း လွင့်မျောရင်း အမည်မသိ အခန်းတစ်ခန်းရှေ့သို့ ဘယ်လိုရောက်သွားမှန်း မသိလိုက်ပေ။

အခန်းထဲတွင်တစ်စုံတစ်ယောက်ရှိနေသည်။ ထိုအရာသည် သူမကိုအထဲဝင်ရန်ခေါ်နေတော့၏။ အဖြူရောင်သည် သူ့ကိုမလွန်ဆန်နိုင်ခဲ့ပါ။ အခန်းထဲသို့ဝင်ရန်စိတ်ဆန္ဒတွေပြင်းပြနေခဲ့သလို ထိုအခန်းထဲရှိဘာမှန်းမသိသောအရာကိုလည်း ကြောက်ရွံ့တုန်လူပ်နေခိုက်

"အဖြူရောင်ဒီမှာဘာလုပ်နေသလဲ.."

ရုတ်တရက်ကြားလိုက်ရသည့်အသံကြောင့် အဖြူရောင်အသိဝင်လာသည်။ လွင့်မျောနေသည့် စိတ်တို့သည်ရုတ်ချည်းပြုတ်ကျလာသကဲ့သို့ ဘာဆိုဘာမှမမှတ်မိအောင် သူမကြောင်အ သွားရသည်။

တစ်ခါကမောဝ်သုပါဒ Where stories live. Discover now