Unicode
အပိုင်း(၂၇)
အနက်ရောင်ကွင်းပြင်ကြီးထဲမှာလား..
ဒါမှမဟုတ် မြူတွေဆိုင်းနေသည့် လေဟာနယ် တစ်ခုထဲမှာလား။ရှေ့မှာဘာရှိမှန်းမသိနိုင်သည်အထိ တဟူးဟူးတိုက်နေသည့်လေတို့ကြား သူမ ခြေဦးတည့်ရာ လျှောက်လာနေမိစဉ်
"အဖြူရောင်... "
ရင်းနှီးနေသည့်ခေါ်သံကြောင့် အဖြူရောင် ခြေလှမ်းကိုရပ်လိုက်ပြီး အသံကြားရာသို့ ကြည့်လိုက်မိသည်။ မြူခိုးတွေကြားမှ သူမမြင်လိုက်သည်က..
"ဟင်... ဖေဖေ.. "
ဖေဖေက သူမကိုနွမ်းလျစွာပြုံးပြရင်း
"သမီးလေးကို ဖေဖေသတိရနေတာ"
"အဖြူရောင်လည်းဖေဖေ့ကို အရမ်းလွမ်းနေရပါတယ်ဖေဖေရယ်"
အံ့သြဝမ်းသာသွားပြီးမှ တပြိုင်နက် သတိရလိုက်မိသည်က ဖေဖေဆုံးသွားခဲ့တာ ကြာပြီပဲ။ ဘာလို့များ သူမဖေဖေ့ကိုတွေ့ရပါလိမ့်။
"ဂရုစိုက်ပါသမီးလေ သူသမီးအနားမှရှိတယ်"
"ရှင် ဘယ်သူ.. "
ရုတ်တရက်ဖေဖေပြန်ပျောက်သွားတော့ သူမ အထိတ်တလန့်နှင့် ဖေဖေကိုလိုက်ရှာနေမိစဉ်
"ဟင်... "
တဖြည်းဖြည်းနှင့်လွင့်ပြယ်သွားသည့် မြူခိုးတွေကြားမှ သူမမြင်တွေ့လိုက်ရသည်က မြောက်မြားစွာသော လူတွေ။
ဟင့်အင်း ... လူတွေမှဟုတ်ရဲ့လား။ မျက်လုံးသေကြီးနှင့် ဘယ်ဆီကိုဦးတည်မှန်းမသိ သွားလာနေကြသည်မှာ ကွင်းပြင်တစ်ခုလုံးနေရာအပြည့် ။ မျက်နှာတွင်လည်း ပူဆွေးသောကနှင့် ညှိုးငယ်နေမူကလည်း အထင်းသား။
အဖြူရောင် အထိတ်တလန့်နှင့် လိုက်ကြည့်နေခိုက် ထိုများစွာသောလူတွေထဲမှ သူမတွေ့လိုက်ရပြန်သည်က
"ဟင် အန်တီနှင်းပါလား ဦးမိုးရောပဲ ညီမလေးကေခိုင်"
သူမနှင့်ရင်းနှီးကျွမ်းဝင်ခဲ့သည့်အသိမိတ်ဆွေများ။ အဖြူရောင်ဝမ်းသာအရလိုက်နူတ်ဆက်မိသော်လည်း သူတို့ကာအဖြူရောင်ကို မမြင်သည့်အလား ကျော်ဖြတ်သွားသဖြင့် သူမနားမလည်နိုင်အောင်ဖြစ်သွားရ၏။
YOU ARE READING
တစ်ခါကမောဝ်သုပါဒ
Mystery / Thriller⛔️Piad Novel Only⛔️ စာမြည်းဖတ်ရန် (၂၉)ပိုင်း PDFစဆုံး စာမျက်နှာ - ၂၀၃၂ မျက်နှာ စုစုပေါင်း အပိုင်း - ၁၂၄ပိုင်း အမျိုးအစား - Supernatural ရေးသားကြာမြင့်ချိန်- (၂၂.၁.၂၀၂၀မှ ၁၄.၁၂.၂၀၂၁) (တစ်နှစ် ၊ ဆယ်လ နှင့် ၂၂ရက်တိတိ)