Part-26

168 7 0
                                    

Unicode

~~တစ်ခါက မောဝ်သုပါဒ~~
အပိုင်း(၂၆)

ရုတ်တရက် မိုက်(ခ်)ပျောက်သွားသဖြင့် သူတို့အားလုံးပျာယာခတ်သွားသည်။ လူပျောက်သွားသည်ကိစ္စဖြစ်၍ အခြားသူများသိပါက အကြောင်းမဲ့ ထိတ်လန့်နေမည်စိုးသောကြောင့် ဟန်စဝ်က နန်းဥသြတို့အဖွဲ့ကို အရင်ဆင်းနှင့်ခိုင်းလိုက်သည်။

ထို့နောက် သူတို့လူဖြန့်ပြီးအနီးဝန်းကျင်သို့ ရှာဖွေသည့်တိုင် မိုက်(ခ်)ကိုလုံးဝရှာမတွေ့။

"မိုက်(ခ်)ဘယ်ရောက်သွားသလဲ... "

သူရိယ အတော်စိတ်ပူစွာဆိုလိုက်သည်။ လရောင်ကတော့ သွေးပျက်ချောက်ချားနေသဖြင့် စကားပင်မဆိုနိုင်တော့ဘဲ တုန်ယင်နေတော့၏။ ဂျူစီသေသွားပြီဆိုသည်ကို ယခုထိတိုင် မယုံမရဲနှင့် ထိတ်လန့်နေမိသည်ကတစ်ကြောင်း၊ တစ်ချိန်လုံး ဂျူစီနှင့်အတူရှိနေမိသည့် ကိုယ့်အဖြစ်ကိုပြန်တွေးရင်း ဆောက်တည်ရာမဲ့အောင် သွေးပျက်နေမိ၏။

တစ်ခန်းတည်းအတူနေသည့်အပြင် ဟိုရက်ကဆို အတူအိပ်ခဲ့သေးသည်။ ဒီကာလတွေမှာ တမူထူးခြားနေသည့်ဂျူစီအပြုအမူနှင့် အပြောအဆိုတို့ကို ပြန်တွေးရင်း တစိမ့်စိမ့်ကြောက်နေမိပြန်သည်။

"နေဝင်တော့မယ် ကိုယ်တို့အရမ်းမမှောင်ခင် တောင်အောက်ဆင်းမှဖြစ်မယ်"

ဟန်စဝ်က ပတ်ဝန်းကျင်ကိုသတိထားလိုက်ရင်း ဆိုလိုက်တော့ သူရိယမျက်နှာပျက်ပျက်နှင့်

"ဒါဆို မိုက်(ခ်)ကိုရော... "

"ဘယ်လိုမှရှာမတွေ့တာ ငါညီလည်းမြင်နေတာပဲ ဒီထက်မှောင်လာရင်တောင်ပေါ်မှာ အကုန်ဒုက္ခရောက်ကုန်လိမ့်မယ် အောက်ကိုဆင်းပြီးကျန်တဲ့သူတွေကို ဟိုတယ်ပြန်ပို့ပေးမယ် ပြီးမှ လူအင်အားဖြည့်ပြီး ဒီညတွင်းချင်းပဲ တောင်ခြေနားတဝိုက် အကုန်ပတ်ရှာပေးမယ် ညဆိုတော့ အန္တရယ်ရှိနိုင်ပေမဲ့ တတ်နိုင်သလောက်တော့ ကိုယ်တို့ဝိုင်းရှာပေးမယ် စိတ်မပူပါနဲ့ မိုက်(ခ်)ကို ပြန်တွေ့မှာပါ"

ဟန်စဝ်စကားကသင့်လျော်နေသည်မို့ မတတ်သာသည့်အဆုံး တောင်အောက်သို့ သူတို့ပြန်ဆင်းလာလိုက်သည်။ တောင်အောက်ရောက်တော့ ရပ်ထားသည့် ကားသမားနှင့်အတူ နန်းဥသြကိုပါ တွေ့လိုက်ရတော့ ဟန်စဝ်ကတအံ့တသြနှင့်

တစ်ခါကမောဝ်သုပါဒ Where stories live. Discover now