Part-14

181 6 0
                                    

Unicode

~~တစ်ခါက မောဝ်သုပါဒ~~
အပိုင်း(၁၄)

လသည် ခပ်ဖျော့ဖျော့လေးသာနေဆဲ...
ခေါင်းတွေနောက်ကျိနေသဖြင့် ဧည့်ခံပွဲမှထွက်လာပြီး လူရှင်းသည့်နေရာတွင် ဝိုင်တစ်ခွက်နှင့် သူခေတ္တာ အနားယူမိသည်။

ဝိုင်ကိုဇိမ်ခံသောက်နေရင်း
ပြည့်လုနီးပါး လကိုငေးကြည့်ရင်း...
သူ့အတွေးတွေ မျောလွင့်နေမိခိုက်...

"ဟန်စဝ်..."

အနားရောက်လာသူကာ ဦးရီးတော်။ သူ လမင်းကို ငေးစိုက်ကြည့်နေရင်းနှင့်ပင်..

"ဧည့်ခံပွဲမှာ ဦးရီးတော်မျက်နှာပျက်နေတာ ကျွန်တော်သတိထားမိပါတယ် ကျွန်တော့်ကို ပြောစရာကိစ္စအထွေအထူးတော့ ရှိနေလိမ့်မယ် ထင်တယ်"

"ဟုတ်တယ်..သိပ်အရေးကြီးတယ်ငါတူ အဖြူရောင်ပန်းဆိုတဲ့ မိန်းကလေးကိစ္စပါ.."

ဟန်စဝ် လမင်းထံမှအကြည့်ခွာလိုက်ပြီး ဝိုင်တစ်ငုံမော့သောက်လိုက်၏။ ထို့နောက်

"ကောင်မလေးက ထူးဆန်းတယ်ဆိုတာ ကျွန်တော် သိပြီးသားပါ ဦးရီးတော်..."

"မဟုတ်ဘူး ငါ့တူ အဲ့ဒီထက်ကိုပိုတယ် "

ဦးရီတော်အသံကသိသိသာသာပင် တုန်ခတ်နေတော့ ဟန်စဝ်အကြည့်တို့က ဦးရီးတော်ထံရောက်သွားသည်။ ဦးရီးတော်၏ မျက်နှာကပါပုံမှန်ထက်ပျက်ယွင်းနေသည်ကိုလည်း သူသတိထားမိလိုက်သည်။

"သူကိုမြင်လိုက်တာနဲ့ ဦးရီးတော်ခံစားမိတယ် သူ့မှာအရမ်းထူးကဲတဲ့ ပါရမီရှိနေတယ် ပြီးတော့ သူစိတ်စွမ်းအားတွေက .. သူ သူက ဟိုမိန်းကလေးနဲ့ တူနေတယ်.."

"ဟို မိန်ကလေးဆိုတာ.."

"နန်စီ.."

"ဗျာ..."

ထင်မှတ်မထားသည့်စကားကြောင့် ဟန်စဝ်အတော်လေးအံ့သြသင့်သွားရ၏။ ထို့အတူထိုစကားကို ခပ်သဲ့သဲ့လေး ကြားလိုက်မိသည့်နောက်တစ်ယောက်သည်လည်း တအံ့တသြနှင့် ခြေလှမ်းကိုရပ်တန့်လိုက်သည်။

ထိုသူကာ... အသင်္ချေ။

ဟုတ်ပါသည်။ လူများသည့်ပွဲတွေကို နှစ်သက်လေ့မရှိသော အသင်္ချေက ဧည့်ခံပွဲမှထွက်လာပြီး ခေါင်းကြည်အောင် ဟိုတယ်ပတ်လည်အနီးအနားတွင် လမ်းလျှောက်ထွက်လာခဲ့သည်။ ခိုင်းကတော့ Partyတွင် စိတ်လွတ်လက်လွတ်ပျော်နေသဖြင့် လွတ်ထားလိုက်ပြီး သူမ တစ်ယောက်တည်းလမ်းလျှောက်ထွက်ခဲ့ခြင်း ဖြစ်သည်။

တစ်ခါကမောဝ်သုပါဒ Where stories live. Discover now