Part-12

182 8 0
                                    

Unicode

~~တစ်ခါက မောဝ်သုပါဒ~~
အပိုင်း (၁၂)

"လွမ်းဆွတ်အောက်မေ့ခြင်း ပန်းဆက်ပွဲ"တဲ့

ထူးဆန်းသောအထိမ်းအမှတ်ပွဲတစ်ခုကာ စာရေးဆရာမကြွေရုပ်ကို အတော်ပင် ဆွဲဆောင်နိုင်ခဲ့သည်။

ယနေ့တောင်ခြေရွာလေးတွင် ထူးထူးဆန်းဆန်း ပန်းဆက်သပွဲလေးရှိခဲ့သည်။ ထို့အတူပင် ဒီနေ့သည် မောဝ်သုပါဒဟိုတယ်ပိုင်ရှင် သခင်လေး ခွန်ဟန်စဝ်မဟာ၏မွေးနေ့လည်း ဖြစ်သည်။

မွေးနေ့ကာ ညနေစောင်းမှစတင်မည်မို့ ကြွေရုပ်သည် ပန်းဆက်သပွဲကို လေ့လာနိုင်ရန်အတွက် မနက်စောစောစီးစီးပင် တောင်ခြေရွာသို့ ထွက်လာခဲ့သည်။

ကြွေရုပ်နှင့်အတူလိုက်ပါလာသည်က အသင်္ချေနှင့်ခိုင်း။ သူမတို့နှစ်ယောက်ကလည်း နန်စီပုံပြင်နှင့်ပန်းဆက်သပွဲအကြောင်းကို တစ်စွန်းတစကြားသိခဲ့ရသည်မဟုတ်လား။

ထို့ကြောင့်လည်း ကြွေရုပ်တောင်ခြေရွာသို့ သွားမည်ဆိုတော့ စိတ်ပါဝင်စားစွာ လိုက်လာခဲ့ခြင်းပင်။ ပြီးတော့ နောက်ထပ်တစ်ယောက်လိုက်ပါလာသူက လက်ရာသွေး။

ကြွေရုပ်က နယ်မြေစိမ်းတစ်ခုကို မိန်းကလေးတွေပဲသွားတာထက်စာရင် ယောင်္ကျားလေးပါပါက ပိုကောင်းသည်ဟုတွေးမိ၍ လက်ရာကိုအပါခေါ်ခဲ့လိုက်သည်။ လက်ရာကလည်း ဒီလိုအထူးအဆန်းကိစ္စမျိုးဆို စိတ်ဝင်စားတတ်လေရာ အသာတကြည်ပင် လိုက်လာခဲ့သည်။

တောင်ခြေရွာဟုဆိုသကဲ့သို့ တောင်အောက်ခြေတွင် တည်ထားသည့်ရွာလေးကာ အတော်လေးလှပအေးချမ်းလှသည်။

ရွာအဝင်မှာပင် ချိတ်ဆွဲထားသည့်ပန်းတို့ကာ သူမတို့အား အထူးအဆန်းဖြစ်စေခဲ့သည်။ ထိုမှမက အိမ်တိုင်းနီးပါးလိုပင် ပန်းခွေများသော်လည်းကောင်း၊ ပန်းစည်းသော်လည်းကောင် အလှဆင်ချိတ်ဆွဲထားပြန်ရာ ဤပန်းဆက်သသည့်ဓလေ့ကို အတော်အလေးအနက်ထားမှန်း သိသာထင်ရှားနေသည်။

စိမ်းစိုနေသည့်စိုက်ခင်းတွေနှင့် တစ်ရွာလုံးနီးပါး အိမ်များကာ အတော်အတန်ကောင်းမွန်နေသဖြင့် ရွာလေးကာ စီးပွားရေးကောင်းမွန်ပုံရသည်။ ထို့ပြင် ရွာခံများသည် နွေးထွေးပျူဌာကာ သဘောမနှောကောင်းမွန်လှသည်။

တစ်ခါကမောဝ်သုပါဒ Where stories live. Discover now