Part-3

309 10 0
                                    

Unicode

~~တစ်ခါက မောဝ်သုပါဒ~~
အပိုင်း(၃)

"နတ်ပြည်တော့မရောက်ဖူးလို့ ဘယ်လိုနေမှန်း ငါလည်းမသိဘူး ဒါပေမဲ့ အဲ့ဒီနေရာကတော့ တကယ်မိုက်တယ် နင်ခံစားနေရတဲ့ဝေဒနာတွေ မေ့သွားမယ်ဆိုတာ ငါအာမခံတယ် ဒီအချိန်မှာ နင်ကောင်းကောင်း အနားယူဖို့လိုတယ်"

အနားကနေတတွတ်တွတ်ပြောနေသည့် လေပြေကြောင့် သူမမျက်ရည်တွေကို အသာသုတ်လိုက်ရင်း...

"စိတ်အဆင်မပြေရတဲ့ကြားထဲ ဘာတွေလာပွားနေသလဲ လေပြေရယ်.."

"နင်အဆင်မပြေဖြစ်နေမှန်းသိလို့ စိတ်အပြောင်းအလဲဖြစ်မယ့်နေရာသွားဖို့ ပြောနေတာလေ"

"တော်ပါဟာ ငါဘယ်မှမသွားချင်ဘူး"

"မဟုတ်သေးပါဘူး နွယ်ကြိုးရယ် နင်ဒီလို ထိုင်ဝမ်းနည်းနေတော့ရော ဘာထူးမှာလဲပြော မင်းမြတ်က နင့်ဆီပြန်လာမှာလား "

လေပြေစကားက သူမအရိူက်တည့်တည့်ကို ထိမှန်သွားတော့၏။ ခုနလေးတင် သုတ်ထားသည့် မျက်ရည်တို့က ပေါက်ခနဲ့ကျလာပြန်သည်..

မင်းမြတ်........ တဲ့

လက်ထပ်ဖို့ထိရည်ရွယ်ပြီး သိပ်ချစ်ခဲ့ရသည့် ချစ်သူ။ ချစ်သူသက်တမ်းသုံးနှစ်အလိုမှာပင် သူမပေးခဲ့သည့်ချစ်ခြင်းတို့ကိုမျှ မငဲ့ငြာဘဲ ရက်စက်စွာထားခဲ့ရက်သူ။

ခံပြင်းဖို့ကောင်းသည့်အရာကာ မင်းမြတ်သူမအပေါ် သစ္စာဖောက်ကာ တွဲလိုက်သည့်မိန်းကလေးက သူမနှင့်မတည့်သည့် မိဘချင်းကအစပြိုင်ဘက်ဖြစ်သော မိန်းကလေး။

နှစ်ယောက်သား ဘယ်အချိန်ကတည်းက ခိုးတွဲနေကြမှန်းမသိသော်လည်း သူမသိသွားသည့်အချိန်တွင်တော့ သူမလက်ကိုဖြုတ်ချကာ ဟိုမိန်းကလေးကို ရွေးချယ်သွားပါရဲ့။

သုံးနှစ်လုံးချစ်ခဲ့သမျှအားလုံးကို "Bye Bye" ဟူသည့်စကားတစ်ခွန်းနှင့်ပဲ ဖြတ်တောက်သွားခဲ့သည်။ ထို့နောက်လပိုင်းမျှသာ တွေ့ကြိုက်ခဲ့သည့် မိန်းကလေးကို သဲသဲလူပ်ချစ်ပြပြန်၏။

ပို၍ရင်နာစရာကောင်းသည်က သူမရှေ့တွင်ပင် နှစ်ယောက်လုံးပေါ်တင်ပင်တွဲနေကြသည်။ မိုးမမြင်လေမမြင်ကဲနေကြသလို သူမကိုတွေ့လျှင် လှောင်ပြောင်သလိုကြည့်သည့် မျက်ဝန်းတို့ကလည်း နာကျင်ရပါသည်။

တစ်ခါကမောဝ်သုပါဒ Where stories live. Discover now