Part-20

181 4 0
                                    

Unicode

~~တစ်ခါက မောဝ်သုပါဒ~~
အပိုင်း(၂ဝ)

မီးလောင်မြိုက်ထားသော လယ်တောနှင့် လယ်တောအနှံ့တဖြုတ်ဖြုတ်ပြုတ်ကျကာ သေထားနေသော ကျီးကန်းသေများကို ငေးစိုက်ကြည့်ရင်း ဦးပညာသက်ပြင်းချလိုက်မိသည်။

ရုတ်တရက်ကြီး သူ့လယ်တောသည် မီးထလောင်သွားခဲ့ပြီး ဘယ်ကရောက်လာမှန်း မသိသော ကျီးကန်းသေများကလည်း ပျံ့ကျဲနေတော့၏။ လယ်တောကြီးမီးထလောင်ပြီး ကျီးကန်းများတဖြုတ်ဖြုတ်နှင့် သူ့လယ်တောထဲ ပြုတ်ကျသေသည့်အဖြစ်ကာ သာမာန်ကိစ္စရပ် မျိုးတော့ မဖြစ်တန်ရာပါ။

တစ်စုံတစ်ရာကသူ့ကိုသတိပေးလိုက်သည်လား

"စိုက်ခင်းတွေကတော့ နှမျောဖို့ကောင်းလိုက်တာ ကျီးကန်းသေတွေလည်းတော်တော်ရှင်းရမယ်ထင်တယ်.. "

အသံနှင့်အတူအနားရောက်လာသည့်အရိပ်တစ်ခုကြောင့် ဦးပညာငဲ့ကြည့်လိုက်တော့

"တော်တော်ကြောက်စရာကောင်းတဲ့ သတိပေးချက်ပဲဗျာ "

"ဘေးဆိုလည်း ပြေးတွေ့လိုက်တာပေါ့ကွာ "

ဦးပညာခပ်အေးအေးပင်တုန့်ပြန်လိုက်တော့ သူကလက်နှစ်ဖက်လုံးကိုပိုက်ထားရင်းနှင့်

"ဒီကိစ္စမှာခင်ဗျားဝင်မပါရင်ပိုကောင်းမယ် "

"ကျုပ်ကတော့ မျက်လုံးစုံမှိတ်ပြီးမနေနိုင်ဘူး "

"အဘတစ်ယောက်လုံးရှိပါတယ် အဘကိုင်တွယ် ဖြေရှင်းလိမ့်မယ် ခင်ဗျားဒီအတိုင်းငြိမ်နေပေးပါ "

"ကျုပ်လိုလူက စိတ်အေးအေးနဲ့ သက်သောင့်သက်သာငြိမ်ပြီးထိုင်နေနိုင်မယ်လို့ မောင်ရင်ထင်ထားသလား ခွန်းစက္ကံ"

အတန်ငယ်တင်းသယောင်ရှိသွားသော သူ့လေသံကြောင့် ခွန်းစက္ကံက ခနဲ့ဆန်ဆန် ပြုံးလိုက်ရင်း

"ဒါကြောင့် ကျွန်တော်ခင်ဗျားကိုလာပြီး မေတ္တာရပ်ခံချင်တာပါ ဘာအကြောင်းဖြစ်ဖြစ် ခင်ဗျားဝင်မရူပ်ပါနဲ့ ခင်ဗျားကြောင့် အခြေအနေတွေ ပိုဆိုးသွားမှာကို ဘယ်သူမှမလိုလားဘူး "

"ကျုပ်ကိုမေတ္တာရပ်ခံနေသလား ကျုပ်ကအမိန့်ပေးနေတယ်လို့ထင်နေတာ..."

တစ်ခါကမောဝ်သုပါဒ Where stories live. Discover now