EP - 1

422 44 14
                                    

UNICODE





" ကိုယ် မင်းကို ကိုယ်တို့ companyက
ဒီတစ်ခေါက်ထွက်မဲ့ Limited edition တစ်ခုအတွက် model ငှားချင်တယ် ဘယ်လို
သဘောရလဲ "

ထိုအခါ အရှေ့မှ ကောင်လေးက အခုထိ
အရာမယွင်း သေးတဲ့ Americano ခွက်ကို စိုက်ကြည့်နေရင်း တစ်ခုခုကို နက်နက်နဲနဲ တွေးတောနေရာမှ သက်ပြင်း ခပ်ဖွဖွချတယ် ။

ဆယ်ဟွန်းက စိတ်ရှည်တတ်တဲ့ သူမျိုးတည်း
ပါတာမို့ ထိုကောင်လေးရဲ့ အဖြေအတွက် ‌
စိတ်ရှည်စွာနဲ့ပဲ ထိုင်စောင့်နေလိုက်တယ် ။

" ဦး ကျွန်တော့်ကို ဘယ်လို စသိတာလဲ "

ထိုအမေးစကားမှာ ဆယ်ဟွန်း အနည်းငယ်တော့
ယောင်နန ဖြစ်သွားမိတာ အမှန်ပင်။

ထိုကောင်လေးက ဒီစကားဝိုင်းနှင့် သိပ် မသက်ဆိုင်တဲ့ မေးခွန်းကို မေးချလာတာမလား ။

ဆယ်ဟွန်း သောက်လက်စ ကော်ဖီခွက်ကို ဘေးဘက်သို့အနည်းငယ် တွန်းလိုက်ပြီးမှ...

" အမှန်တိုင်း ပြောရရင် ကိုယ် မင်းကို မင်းရဲ့
အဖေကြောင့်သာ သိခဲ့တာလေ .. ကိုယ်
မင်းအဖေနဲ့ တွေ့ဖြစ်တုန်း စကားဆက်မိတာက
စမယ်ထင်တယ် ။ ကိုယ့် product အသစ်
အတွက် model လိုကြောင်း ပြောဖြစ်ရင်း
မင်းအဖေက မင်းပုံကို ထုတ်ပြရာကနေ
စတာပဲ ..သူ့မှာ modelling major တက်နေတဲ့ သားတစ်ယောက်ရှိတယ်ဆိုပြီး "

စကားအဆုံးမှာ ဆယ်ဟွန်း လည်ကုတ်ကို
လက်နှင့်အသာ ကုတ်ခြစ်လိုက်မိသည် ။
ဘာလို့ဆို သူစကား‌ပြောနေတဲ့ တစ်လျှောက်လုံး
ဂျုံအင်က သူ့ကို စူးစိုက်ကြည့်နေခြင်းကြောင့်ပဲ ။

" တကယ် ပါပါးကြောင့်ပဲ "

ဂျုံအင်က ချက်ချင်း အရှေ့က americano
ခွက်မှ တစ်ငုံယူသောက်ရင်း စိတ်ညီးညူ
ဟန်ပြောလာတယ် ။

" ဘာကိုလဲ "

" ဦးက ပါပါးကြောင့် ကျွန်တော့်ကို သိတာလို့ ! "

" အင်းလေ မဟုတ်ရင် ကိုယ်နဲ့ မင်းက အရင်က
သိမြင်ဖူးတာမှ မဟုတ်ပဲ "

ဆယ်ဟွန်း အရှေ့က ဂျစ်တစ်တစ် လုပ်နေသူ
ကြောင့် အနည်းငယ် ရယ်လိုက်မိသည် ။
တကယ် raeunie နဲ့တူတာ !

ANGEL BABYDonde viven las historias. Descúbrelo ahora