EP - 5

174 22 7
                                    

UNICODE





" ပျင်းရင် TV ကြည့်လို့ရတယ်...
ကိုယ်ကတော့ အလုပ်ကိစ္စ နည်းနည်းကျန်သေးလို့ ..
လုပ်လို့ရတယ်မလား "

အပေါ်ကုတ် အင်္ကျီကို ချွတ်လို့ စင်မှာ စနစ်တကျ
ချိတ်ရင်း ပြောလာတဲ့ ဦးက ကျောပြင်ပဲ မြင်ရတာ
တောင် ခန့်ညားမှုက အပြည့် ။

ဂျုံအင် ချောင်းတစ်ချက်ဟန့်လိုက်မိသည် ။
ဆွဲဖက်ပြီး နမ်းချင်ပေမဲ့ ဆန္ဒကို
​ခဏလေး ခေါက်သိမ်းထားလိုက်သည် ။

" ဦးကလည်း ဧည့်သည်အိမ်ခေါ်ပြီး
တော့ ဧည့်ဝတ်မကျေလိုက်တာ "

သူ့ဘက်သို့ လှည့်လာတဲ့ ဦးက သူ့ကို
မျက်ခုံးပင့်လို့ စိုက်ကြည့်လာတယ် ။

" ဒါဆို ကိုယ်ဘယ်လို ဧည့်ဝတ်ကျေအောင်
လုပ်ပေးရမလဲ ပြောပါဦး "

လက်ပိုက်ရင်း သူ့မျက်နှာနားသို့ ကိုယ်ကို ညွန့်လို့
ပြုံးစစပြောလာတဲ့ ဦးက အသက် ၃၀ ကျော်ဆိုတာ
ယုံချင်စရာတောင် မရှိ ။

ဂျုံအင် အခွင့်ရေးကို နည်းနည်းလေးတောင် လက်လွှတ်မခံ ။
ဦးရဲ့ နှုတ်ခမ်းကို အလျင်အမြန်ပဲ ဖိကပ်နမ်းပစ်
လိုက်သည် ။ မျက်လုံးချင်းစုံသွားတဲ့တစ်ခဏ
ဂျုံအင် နှုတ်ခမ်းပါးနှစ်ခု ကပ်တွယ်နေရာမှ
ပြုံးလိုက်မိသေးသည် ။

ဦးကတော့ နှုတ်ခမ်းခွာလိုက်သည်နှင့် ချက်ချင်းပဲ
မျက်ခုံးတွန့်လို့ ကြည့်လာတာမို့ ဂျုံအင်
ဟီးခနဲ ရယ်ပြလိုက်ရင်း...

" ဟီး... ဦးက တအား ချောနေတော့ ... "

" မင်းရဲ့ ဆင်ခြေတွေက မရိုးဘူးနော် "

သူ နမ်းလိုက်တဲ့ နှုတ်ခမ်းကို နည်းနည်းမှ
ပွတ်သုတ်ခြင်းမရှိပဲ သူ့ဆံပင်တွေကို ဆွဲ ​ဖွလာတဲ့
ဦးက သူ့ကို သဘောမကျဘူးဆိုတာ
နည်းနည်းမှ ယုံချင်စရာ မရှိပေ ။

ဂျုံအင် သဘောတကျ ပြုံးလိုက်မိသည် ။

" ကဲ ... အနမ်းခံလိုက်ရပြီးပြီဆိုတော့
ဧည့်ဝတ်ကျေပြီ ထင်တယ်... ကိုယ် အလုပ်ခန်း
ထဲ သွားလိုက်ဦးမယ် "

ဂျုံအင် ချက်ချင်းပဲ ဦး အလုပ်အိတ်ကို လှမ်းဆွဲလို့
သူကဦးအောင် အပေါ်ထပ်ကို ပြေးတက်လိုက်သည် ။

ANGEL BABYNơi câu chuyện tồn tại. Hãy khám phá bây giờ