EP - 9

149 27 4
                                    

UNICODE

" ဟိုတစ်နေ့က မင်းဘဲကြီးနဲ့ ပြသာနာ
တက်သေးတယ်ဆို "

ဂျုံအင်က ကုတင်ပေါ် မှာထိုင်ရင်း
ဖုန်းသုံးနေရာမှ ဘေးနားမှာရှိတဲ့
ဆွန်းနူကို တစ်ချက် ပိတ်ရိုက်လိုက်သည် ။

" အဲ့ငမွှေထိုး မွှေတာလေ "

နာသွားတဲ့ ဆွန်းနူက ဂျုံအင့်ကို
မကြည်ကြည့် ပြန်ကြည့်လာပေမဲ့
သူ့အမှားမကင်းတာမို့ ဘာမှတော့
ပြန်မပြော ။

ဒီနေ့က တနင်္ဂနွေ နေ့ ဖြစ်တဲ့အပြင်
လုပ်စရာ ဘာမှမရှိတာမို့ ဂျုံအင့်အိမ်မှာ
သူငယ်ချင်းတွေ လာအိပ်ကြတာ
ဖြစ်သည် ။ အမှန်က တနင်္ဂနွေ နေ့တိုင်း bar
သွားဖို့ တစ်အုပ်စုလုံးကို မြူဆွယ်တတ်တဲ့
ဂျုံအင်ကအခုချိန်မှာတော့ အချစ်ကြောင့်
လိမ္မာနေပြီး ဘယ်လိုမှ ခေါ်မရတာမို့
တစ်အုပ်စုလုံး ဂျုံအင့်အိမ်မှာ
လာသောင်တင်နေခြင်းပဲ ဖြစ်သည် ။

" ပျင်းစရာကြီးကွာ ဒီချိန် ကောင်မလေးတွေနဲ့
ပျော်နေရမှာကို "

ပျင်းရွဲ့ရွဲ့နဲ့ ထပြောလာတဲ့ ဝွန်းဝူ စကားမှာ
အားလုံးက ဂျုံအင့်ကို မသိမသာလေး
လှမ်းကြည့်လာတယ် ။ အခုချိန်သွားရင်
တောင် နောက်မကျသေးဘူးဆိုသည့် ပုံစံ ။

" ဟေ့ရောင်တွေ လာလုပ်မနေနဲ့... ငါမလိုက်ဘူး
ဘုရားမကြိုက်တာတွေ မသောက်တော့ဖို့
ဆုံးဖြတ်ထားပြီးသား "

ထိုအခါ တစ်ချိန်လုံး ငြိမ်နေတဲ့
ဆွန်းနူက သည်းမခံနိုင်တော့ဟန် ။
ဂျုံအင့် ဇတ်ပိုးကို ဖြတ်ခနဲ
မြည်အောင် ရိုက်လာရင်း

" မင်းဘိုးအေ သွားပြော... မင်း ရည်းစား
မကြိုက်ရင် မကြိုက်ဘူးပေါ့ ဘာကို ဘုရားမကြိုက်တာလဲ "

ထိုအခါမှာတော့ တစ်ဖွဲ့လုံး ရယ်သံတွေ့နဲ့အတူ
ဂျုံအင်နဲ့ ဆွန်းနူရဲ့ တစ်ဂျက်ဂျက် ရန်ဖြစ်သံ
တွေဟာအခန်းငယ်ထဲ ပျံ့နှံ့သွားတော့သည် ။

.
.

" တစ်ခုခုတော့ လုပ်ကွာ... ဒီတိုင်းကြီး
အခန်းထဲ နေရတာ ပျင်းတယ် "

" တူတူပုန်းတမ်း ကစားမလား "

" ရူးနေတာလား "

ANGEL BABYWhere stories live. Discover now