EP - 15

181 37 11
                                    


UNICODE







" ကျွန်တော် company အောက်မှာရောက်နေပြီ
ဆင်းခဲ့တော့ "

" အပေါ်တက်လာခဲ့လေ "

ဦးဆီမှ ထွက်လာတဲ့ ရယ်ကျဲကျဲ
စကားကြောင့် ဂျုံအင်က
ဦး ရှိမည့်နေရာကို ရည်ညွှန်းပြီး
မျက်စောင်းထိုးလိုက်မိသည် ။

" တက်မလာချင်လို့
ဦးကို လာခိုင်းနေတာပေါ့ "

ဂျုံအင့်ဘက်က ခပ်ရွဲ့ရွဲ့ ပြောလိုက်တော့မှ
ဦးဘက်က ရယ်သံဟာ တိတ်ဆိတ်သွား
တယ် ။

" ကဲ ကိုယ်ပဲ ဆင်းလာခဲ့ပါမယ်
ဂျစ်တူး ကားထဲမှာပဲ စောင့်နေ "

ဂျုံအင်က ဖုန်းချချလိုက်ခြင်းမှာပဲ
Message တွေ ဝင်လာတဲ့ ဖုန်းကြောင့်
power off လိုက်ရတယ် ။

သူ နာမည်ကြီးတာမျိုး တကယ်မကြိုက် ။
အဲ့တာကြောင့်တောင် model လုပ်ဖို့
ကမ်းလှမ်းတဲ့ သူတွေရှိပါရက်နဲ့
အကုန်ငြင်းပစ်ခဲ့တာဖြစ်သည် ။

မနေ့က ထွက်ထားတဲ့ collections
က တော်တော်လေး ရောင်းအားတက်ခဲ့ပေမဲ့
Model ဖြစ်တဲ့ ဂျုံအင့်က ထွက်ထားတဲ့
Jean collections တွေထက်
Hot search ဖြစ်နေတာမို့ အခုရက်ပိုင်း
ခိုးကြောင်ခိုးဝှက် သွားလာနေရတာဖြစ်သည် ။

ဂျုံအင် အကြာကြီး မစောင့်လိုက်ရပါ ။
တကယ့်တရားခံအစစ်က ပြုံးပြီး
ထွက်လာတာမို့ ဂျုံအင့်က နောက်ထပ်တစ်ခါ
မမြင်မှန်းသိပါရက်နဲ့ မျက်စောင်းထိုးလိုက်တယ် ။

ဘယ်တုန်းကမှ company အတွင်းမှာ
မပြုံးဖူးပဲနဲ့..

ဂျုံအင် နှာတရှုံ့ရှုံ့ လုပ်နေတုန်းမှာပဲ
ဦးက သူ့ဘက်ကမှန်တံခါးကို
ခေါက်လာတယ် ။

ဂျုံအင်က ကားမှန်ချပေးလိုက်ပေမဲ့လည်း

" ဘာလဲ... တက်စရာရှိ တက်လေ "

ဆူပုတ်ပုတ်ဟန်နဲ့ ပြောတော့ ဦးက
ရယ်ပြီး ထုံးစံအတိုင်း ခေါင်းစွပ်
အမည်းလေး ဖုံးနေတဲ့ နဖူးကို
ခေါက်လာတယ် ။

" ဂျစ်တူး ပင်ပန်းမှာစိုးလို့
ကိုယ်မောင်းပေးမလို့ "

ထိုစကားကို ဦးက အတွန့်အဆုတ်မရှိ
ပြောလာတာပင် ။

ANGEL BABYWhere stories live. Discover now