EP - 10

154 26 4
                                    

UNICODE

" ဦး ကဘာလို့နောက်ကျနေတာလဲ "

ဆယ်ဟွန်း ဂျုံအင့်အတွက် အသားကင်
ပေးနေရင်းမှ အမေးစကားကြောင့်
ဂျုံအင့်ဘေးက bouquet ကို
မျက်စ လှမ်းပစ်ပြလိုက်သည် ။

တကယ်ဆို ဆယ်ဟွန်းက စားသောက်ဆိုင်ထဲ
မဝင်ခင် ကားထဲမှာ ထားခဲ့ဖို့ ပြောပေမဲ့
ဂျစ်တူးက ဂရုမစိုက် ဆိုင်ထဲထိ အဲ့ bouquet
ကြီး ပိုက်ပြီး သယ်ချလာတာပဲ ဖြစ်သည် ။
ပြောလဲ ရမှာ မဟုတ်မှန်း သိနေတာမို့
ဆယ်ဟွန်းက မျက်နှာ ပူပူနဲ့ပဲ ဆိုင်ထဲ
ဝင်လာရတယ် ။

" ပုစွန်စားဦးမလား "

ဆယ်ဟွန်း ဘေးမှာ အသင့်ချထားပေးတဲ့
လက်အိတ်ကို စွတ်ရင်း မေးတော့ ဂျုံအင်က
လက်မထောင်ပြလာတယ် ။

" ဟဲဟဲ ဦး အကောင်းဆုံးပဲ "

ဆယ်ဟွန်းက ဂျုံအင့်အတွက် ပုစွန် အခွံခွာ
ပေးနေရာမှ ခပ်ရေးရေး​ေလးပြုံးလိုက်မိသည် ။

အမှန်ဆို ဆယ်ဟွန်းက ဒီနေ့အတွက်
Steak ဆိုင်ကောင်းကောင်းတစ်ခုမှာ
Booking ကြို ယူထားပြီးသား ဖြစ်ပေမဲ့
ဂျုံအင့်ဆီက bbq စားချင်လိုက်တာ ဟူ၍
စကားသံ ထွက်လာတဲ့နောက်မှ
ဆယ်ဟွန်းက booking ကို တိတ်တိတ်လေး
Cancel လိုက်ရတာပဲ ။

ဆယ်ဟွန်းကို ဂျုံအင့်မိဘတွေက ဆိုးတယ် ၊
အလိုမလိုက်နဲ့ ဆူနိုင်မှ တော်ကာကြမယ်ဟူ၍
အတန်တန် သတိပေးကြပေမဲ့လည်း ဆယ်ဟွန်း
ကိုယ်တိုင်ကိုက ဂျုံအင့်ကို အလိုလိုက်
ချင်နေတာပဲ ဖြစ်သည် ။

ကျက်သွားတဲ့ အကင်တွေကို ပန်းကန်ထဲ
ထည့်ပေးရင်း ဂျုံအင့်ရှေ့ချပေးလိုက်တော့
ဂျစ်တူးက ဟီးခနဲ ပြုံးပြလာတယ် ။

" ဦးလဲ စားလေ "

ဆယ်ဟွန်းက ဂျုံအင့်ကို မျက်လုံးမှေး​ကျဥ်းလို့
ကြည့်လိုက်ပြီးမှ ခေါင်းငြိမ့်ပြလိုက်သည် ။

" ဦး "

" ဟင် ​"

ဂျုံအင်က စားလက်စ တူကို ချလိုက်ပြီး
ပထမဆုံး စတွေ့တဲ့အချိန်တွေတုန်းကလိုမျိုး
ဆယ်ဟွန်း မျက်လုံးတွေကို စူးစိုက်ကြည့်
လာတယ် ။ သို့ပေမဲ့ အခုသူ့ရှေ့က ဂျုံအင်က
စတွေ့တုန်းကလိုမဟုတ် ခပ်ရေးရေးလေး
ပြုံးနေသေးတယ် ။

ANGEL BABYWhere stories live. Discover now