EP - 12

185 33 20
                                    

UNICODE

A/N စာမစစ်ရသေးတာမို့ စာလုံးပေါင်း မှားတဲ့
နေရာရှိရင် နည်းနည်းတော့ သည်းခံဖတ်ပေးပါနော် ><

.
.

ယွန်းကို ပြန်ပို့ပြီးတဲ့အခါ အချိန်က
တော်တော်လေးညဥ့်နက်နေပြီလို့
ပြောရမယ် ။ နဂိုတည်းက လူကြီး
ခြင်း သိထားကြပြီးသားလူတွေမို့
ဆယ်ဟွန်းက ယွန်း အိမ်မှာ တော်တော်လေး
ခါးတောင့်​အောင် ထိုင်လိုက်ရသေးတာ
ဖြစ်သည် ။ အိမ်ပြန်ရောက်တော့ တစ်ကိုယ်လုံး
ညောင်းချိနေပြီး လူကလည်း ညီးစီစီ
ဖြစ်လို့နေသည် ။ ဘယ်လောက်ပဲ
နေလို့ မကောင်းဘူးဆိုဆို အလုပ်ကိစ္စတွေက
မပြီးပြတ်သေးတာမို့ ဆယ်ဟွန်းက မနက်ဖြန်
အလုပ်သွားရဦးမှာပင် ။ ထို့ကြောင့် ညနက်မှ
ရေချိုးမနေတော့ပဲ မျက်နှာသစ် အဝတ်အစား
လဲပြီး ကုတင်ပေါ် လှဲနေလိုက်သည် ။

ခဏလေး မှေးခနဲ ဖြစ်သွားချိန် အိမ်အောက်
ထပ်မှ အဆက်မပြတ် မြည်နေတဲ့
ဖုန်းသံကြောင့် ဆယ်ဟွန်းက ငုတ်တုတ်
ထ ထိုင်လိုက်သည် ။ ဒီအချိန်ကြီး ဘယ်သူက
ဒီလောက်ထိ ဖုန်းဆက်နေတာလဲ ဆိုပြီး
စိတ်ရှုပ်ရှုပ်နဲ့ အိမ်အောက်ဆင်းပြီးမှ
အတွေးထဲ ဝင်လာတဲ့ သူကြောင့် ဆယ်ဟွန်းက
ဖုန်းကို အလျင်အမြန်ကိုင်လိုက်ပေမဲ့
ကျသွားတဲ့ ဖုန်းကြောင့် ကျစ်ခနဲ စုတ်သပ်လိုက်မိသည် ။

ဖုန်းနားမှာ အကြာကြီးထိုင်ပြီး စောင့်နေတဲ့ထိ
ဖုန်းပြန်မဆက်လာတာမို့ ဆယ်ဟွန်းက
အိမ်ပေါ် တစ်ခေါက်ပြန်တက်ရ​ပြန်တယ် ။
Power ပိတ်ထားတဲ့ ဖုန်းကို ဖွင့်လိုက်အခါ
များစွာသော စာတွေက တောက်လျှောက်ဆိုသလိုပဲ
ဝင်လာတာမို့ ဆယ်ဟွန်းက သက်ပြင်းချလိုက်မိသည် ။
တစ်ခါတစ်လေကြတော့လည်း ဆယ်ဟွန်းက
ဂျုံအင့်ကို ဒီအချက်တွေ မကြိုက်တာပဲ ..
ဘယ်လောက်ပဲ အလိုလိုက်သည်ဆိုဦး ဒီလို
အပြုအမူမျိုးက စိတ်ရှုပ်တတ်သည်ဆိုတာ
ဂျုံအင် သိသင့်တယ် ..​ အခုနောက်ပိုင်း ဆယ်ဟွန်း
ဘယ်လောက်အလုပ်ရှုပ်လဲ ဆိုတာ သိပါရက်နဲ့
ဒီလို မရင့်ကျက်တဲ့ အပြုအမူမျိုးကို
ပြင်ပေးရမယ်လို့လဲ ဆယ်ဟွန်းက တွေးလိုက်တယ် ။
အိပ်ယာက ဆတ်ခနဲ ထလိုက်တာမို့ ခေါင်းထဲ
မူးနောက်နောက်ဖြစ်နေတဲ့အပြင် စဥ်းစားစရာ
စီစဥ်စရာ ကိစ္စတွေပါ များတာကြောင့် စိတ်က
သိပ်တော့ ကြည်လင်မနေပါ ။ ဒီလိုအချိန်မျိုးမှာ
ဆယ်ဟွန်းက ဘယ်သူနဲ့မှ စကားပြောချင်မနေသေး
တာအမှန်ပင် ။ သို့သော်လည်း ဂရုမစိုက်ပဲလည်း
မနေနိုင်တာမို့ သက်ပြင်းချလိုက်ရင်း
ဂျုံအင့်ဆီကို ဖုန်းဆက်လိုက်သည် ။

ANGEL BABYWhere stories live. Discover now