EP - 4

228 31 6
                                    

UNICODE

" ဟဲ့ အဲ့တစ်ယောက်က ဘယ်သူလဲ တော်တော်
လန်းတာနော် "

" CEO ရဲ့ အသိလို့ပြောကြတာပဲ "

" ig acc သွားရှာဦးမှ "

" ဘာလုပ်မို့လဲ "

" နင်ကလည်း ဒီလောက် လန်းတာ သွား
Follow ထားမို့ပေါ့ .. ကံကောင်းလို့ ခင်သွား
တော့လည်း အမြတ်ပေါ့ ဟိဟိ "

ဆယ်ဟွန်းဘေးနားက တစ်ယောက်တစ်ပေါက်
ထွက်နေတဲ့ ဝန်ထမ်းမလေးတွေရဲ့ စကားကို
မသိမသာနားစွင့်ထားရင်း ခပ်ပြုံးပြုံးလုပ်နေမိသည် ။

လန်းတာတော့ ဟုတ်ပေမဲ့ ဂျုံအင်က
Single မှ မဟုတ်တော့တာ ။ သူတို့အတွက်
အခွင့်အရေးက အစတည်းက မရှိတော့ဘူးလေ ။

ဆယ်ဟွန်း ပြုံးချင်နေတဲ့ မျက်နှာထားကို
မနည်း ထိန်းရင်း အရှေ့က ကောင်လေးဆီသို့
အကြည့်ပြန်ပို့လိုက်မိသည် ။

Devil look အတွက် ရိုက်နေတာမို့ ဂျုံအင့်ရဲ့ shirtless နဲ့
ပုံစံက စောန ချစ်စရာပုံစံလေးကနေ လုံးဝကို ကွဲထွက်သွားတာ
ဖြစ်သည် ။ ဒါ့အပြင် makeup look နဲ့ ဂျုံအင့်ရဲ့ ညု့တုတု
အကြည့် ကိုပါ ထပ်ပေါင်းထည့်လိုက်အခါ
အသက်ရှူ မှားလောက်တဲ့ထိ ဂျုံအင်က
ဆွဲဆောင်နိုင်လွန်းတာကို ဆယ်ဟွန်း လက်ခံလိုက်ရတော့သည် ။

" OK cut! "

အတွေးတွေ များနေချိန်မှာပဲ ရိုက်ကူးရေးက
ပြီးသွားတာမို့ ဆယ်ဟွန်း တစ်ချက်ပြုံးလိုက်ရင်း
သူ့ကို လှမ်းကြည့်နေတဲ့ ဂျုံအင့်ကို သူ့အနား
လာဖို့ လက်ဟန်နဲ့ အမူအယာပြလိုက်သည် ။

" ဦး ဘယ်လိုနေလဲ "

" ကိုယ်ကြည့်ရသလောက်ကတော့ မင်းက
အရမ်း မိုက်တာပေါ့ ဟဟ "

ဆယ်ဟွန်းဘက်က ချီးကျူးစကားပြောတဲ့အခါ
ဂျုံအင်က ရှက်သွားသလို ခေါင်းကို ​ငုံ့လို့
ခပ်ပြုံးပြုံးလုပ်လို့နေတယ် ။

ထိုပုံစံက တအားကို ချစ်ဖို့ကောင်းလွန်းတာမို့
ဆယ်ဟွန်း ဆွဲဖက်ချင်စိတ်ကို ထိန်းမရ ။
သို့ပေမဲ့ အချိန်မကျသေးတာမို့ ဆယ်ဟွန်းကပဲ
သူ့ရဲ့ ခံစားချက်တွေကို သက်ပြင်းငွေ့ငွေ့တစ်ချက်
ချလို့ သိမ်းဆည်းလိုက်ရသည် ။

ANGEL BABYWhere stories live. Discover now