UNICODE
" ဥက္ကဌ အိုကို ဒုက္ခပေးမိသလို ဖြစ်တာတော့
အားနာပါတယ်ဗျာ... ဒါပေမဲ့ ဆက်ပြီးတော့
ထိန်းပေးပါဦး ... သူက သူနားထောင်ချင်တဲ့လူ
ရဲ့ စကားပဲ နားထောင်တာ ...ငယ်ငယ်တည်းက
အလိုလိုက်ထားတော့ ဆိူးချင်တိုင်းကို
ဆိုးနေတာလေ "" .... "
" အခုထိတော့ ပြန်မရောက်သေးဘူး... အဲ..
အခုလေးတင်ပဲ ပြန်လာပြီ "ဂျုံအင် အိမ်အပေါက်ဝရောက်ရောက်ခြင်း
Speaker ဖွင့်လို့ ဖုန်းပြောနေတဲ့ ပါးပါးဖုန်းမှ
တစ်ဆင့် ကြားရတဲ့ အသံကြောင့် ခြေလှမ်းတွေဟာ
တွန့်ခနဲ ။ ပါးပါးက သူ့ကို တစ်ချက်ပဲ
စိုက်ကြည့်လာပြီးနောက် မှောင်မှောင်တွန့်လို့
တစ်ဖက်သို့ မျက်နှာလွှဲသွားသည် ။သူရှိနေတုန်းကတော့ အလုပ်ကိစ္စ ပါးစပ်ဖျားက
မချတဲ့ ဦးက အခု ဖုန်းဆက်မေးနေစရာ
လိုသေးလို့လား... ဂျုံအင် ဦး ရဲ့ စိတ်ကို
နည်းနည်းလေးမှ နားမလည်တော့ ။" ဖုန်းပေးလိုက်ရမလား "
ပါးပါးရဲ့အမေးစကားကြောင့် အိမ်ပေါ်
တက်ဖို့ပြင်နေတဲ့ ဂျုံအင်က မသိမသာလေး ယတစ်ဖက်လူရဲ့ စကားသံကို
နားစွင့်လိုက်မိတာအမှန် ။သို့ပေမဲ့ တစ်ဖက်မှ " နေပါစေ " ဆိုတဲ့ စကားသံရဲ့
နောက်မှာ ဂျုံအင့်ရဲ့ မကြည်မလင်စိတ်က
ပ်ိုလို့တော့ သုန်မှုန်သွားတော့သည် ။ချက်ချင်း ပါးပါးလက်ထဲက ဖုန်းကို
ဆွဲယူလိုက်ရင်း ..." စိတ်မပူရင်လည်း ဖုန်းမဆက်ပါနဲ့လား "
ဟူ၍ တစ်ခွန်းပဲပြောပြီးနောက် သူ့ဘက်ကပဲ
ဦးစွာ ဖုန်းချပစ်လိုက်တော့သည် ။သူ့လုပ်ရပ်ကြောင့် ပါးပါးက မျက်မှောင်
တွန့်ကြည့်လာရင်း ဧည့်ခန်းထဲက
နာရီကို လက်ညိုးထိုးလို့မေး လာတယ် ။" မင်း ပြန်လာတာ ဘယ်အချိန် ရှိပြီလဲ ..
ဒါ လူပြန်လာချိန်လား ဟမ်! "မားမားကတော့ ဘေးမှနေ၍သာ
ဂျုံအင့်ကို အိမ်အပေါ် ထပ်တက်ဖို့
မျက်နှာရိပ် မျက်နှာကဲလုပ်ပြလို့နေသည် ။
![](https://img.wattpad.com/cover/335793156-288-k294005.jpg)