EP - 14

214 34 16
                                    

UNICODE


" ဦး ဘာလို့ ဖုန်းကို တစ်ကြည့်ကြည့်
လုပ်နေတာလဲ ... ဟင်းရည်တွေ အေးကုန်ပြီ "

ဂျုံအင်က ပလုတ်ပလောင်းအသံနဲ့
ပြောလာပြီး သူ့ကို စူးစမ်းသလို
ကြည့်လာတာမို့ ဆယ်ဟွန်းက ဖုန်းကို
Silent လုပ်ပြီး အိတ်ကပ်ထဲ
ထည့်ထားလိုက်တယ် ။

" sorry ... ကိုယ့်အလုပ်နဲ့ ပါတ်သတ်တဲ့
Message တစ်ချို့ စစ်စရာရှိလို့...
စားလေ... ဘာမှာပေးရဦးမလဲ "

ဆယ်ဟွန်းက ချောင်းတစ်ချက်ဟန့်လို့
ပြောတဲ့အခါ ဂျုံအင်က သံသယကင်းစွာနဲ့ပဲ
​ခေါင်းတစ်ချက်ခါပြလို့ ဘာတစ်ခွန်းမှ
ထပ်မမေးတော့ချေ ။ ခဏကြာမှသာ...

" ဦးအလုပ်တွေက ဘယ်တော့ပြီးမှာလဲ "

ဆယ်ဟွန်း ဂျုံအင့်အတွက် ဟင်းရည်ကို
ပန်းကန်ထဲ ထည့်ပေးရင်းမှ ပြန်ဖြေလိုက်သည် ။

" နောက်နှစ်ရက်ဆို ပစ္စည်းတွေက
စပြီး စျေးကွက်ထဲ တင်တော့မှာလေ
အလွန်ဆုံး လေးရက်ပါပဲ... နောက်ပိုင်း
ကိစ္စတွေကို ကိုယ် မင်ဂျယ်နဲ့ အပ်ထားခဲ့မှာ.. နောက်ပြီး
ခဏစိတ်ပြေလက်ပျောက် အနားယူဦးမလို့ "

ဂျုံအင်က ​စားလက်စကို ရပ်လို့ သူ့ကို
စူးစူးစိုက်စိုက် ကြည့်လာတယ် ။
လက်နှစ်ဖက်ကို မေးအောက်မှာလည်း
ထောက်ထားသေးတာမို့ ဆယ်ဟွန်းက
ပထမဆုံးတွေတဲ့ နေ့က ဂျုံအင် သူ့ကို ကြည့်တဲ့
အကြည့်ကိုတောင် သတိရ​မိသွားသေးသည် ။

" ဘာလို့လဲ "

" မဟုတ်ပါဘူး... ဦးက အလူပ် အလုပ်ပဲ
တွေးနေလို့ ... အလုပ်ရဲ့ သုံးပုံ တစ်ပုံစာလောက်
ကျွန်တော့်ကို ဂရုစိုက်ပေးရင် ကောင်းမယ်လို့
တွေးနေတာ "

ရုပ်တည်တည်နဲ့ ပြောလာတဲ့ ဂျုံအင့်ကို
ဆယ်ဟွန်းက ရယ်လို့သာ တုန့်ပြန့်တယ် ။

" အခုရော ကိုယ်က မင်းကို ဂရုမစိုက်လို့လား "

သူများအတွက် ဘာမှ လိုက်မလုပ်ပေးတတ်တဲ့
ဆယ်ဟွန်းက ဂျုံအင့် အတွက် ပုစွန်အခွံခွာ
ပေးရင်း မေးတဲ့အခါ ဂျစ်တူးက
ခေါင်းကို ခါလို့ ငြင်းလာတယ် ။

" မစိုက်ပါဘူး ... ဦးက ဆူတယ်​လေ "

အတည်ကြီး ပြောလာတဲ့ ဂျုံအင့်ကို
ရယ်ချင်ပေမဲ့ ဆယ်ဟွန်းက ရယ်ချင်စိတ်ကို
ထိန်းလိုက်ပြီး နားလည်နေပြီးသားဖြစ်တဲ့
ဂျုံအင့်ရဲ့ ဇာတ်ညွှန်း အတိုင်း
လိုက်ပြောပေးလိုက်တယ် ။

ANGEL BABYWhere stories live. Discover now