EP - 11

137 31 3
                                    

UNICODE



" လာမယ်ဆိုရင် ကြိုပြောတာမဟုတ်ဘူး
ဆယ်ဟွန်း မအားရင်တောင် အန်တီက
အိမ်က ကားလွှတ်ပေးလိုက်မှာပေါ့ "

" အခုလည်း အဆင်ပြေပါတယ်...
ဆယ်ဟွန်းက မအားတော့ လာကြိုဖို့ပြော
ရမှာလည်း အားနာလို့လေ ဟီး "

" နောက်ဆို နှစ်အိမ်တစ်အိမ် ဖြစ်ရမဲ့ လူ
တွေပဲ ဘာအားနာစရာ လိုလဲ... "

ဆယ်ဟွန်းက စကားဝိုင်းထဲ ဝင်ပါခြင်း
မရှိပေမဲ့ ဒယ်ဒီဆီက ထွက်လာတဲ့ စကားသံကြောင့်
စားလက်စကိုး ရပ်တန့်လိုက်သည် ။
မာမီ့ကိုကြည့်တော့ ယွန်း ပန်းကန်ထဲ
ဟင်းထည့်ပေးရင်း အလုပ်ရှုပ်နေ၏ ။
ဆယ်ဟွန်းက လေပူတွေကိုသာ
မှုတ်ထုတ်လိုက်မိပါသည် ။

" သမီးလည်း ပြန်ရောက်လာပြီဆိုတော့
နောက်ရက်ကြ မင်္ဂလာကိစ္စ ဆွေးနွေး
ကြတာပေါ့... အသက်တွေလည်း
မငယ်တော့ဘူးလေ.. ဟုတ်တယ်မလား "

" အဟင်း ... "

ဒယ်ဒီ ဆီက ဆက်၍ ထွက်လာတဲ့
မင်္ဂလာပွဲကိစ္စကြောင့် ဆယ်ဟွန်းက
ချောင်းတစ်ချက် ဟန့်လိုက်ရင်း
မာမီ့ကို လှမ်းကြည့်လိုက်မိသည် ။
မျက်လုံးနဲ့ မေးခွန်းထုတ်နေတဲ့သူ့ကို
မာမီက  ပုခုံးတွန့်ပြလာတာမို့
ဆယ်ဟွန်း တကယ်ကို ရူးပါရူးချင်သွားသည် ။

" ဆယ်ဟွန်း မစားတော့ဘူးလား "

ထမင်းစားစားပွဲမှ ထဟန်ပြင်တော့
ယွန်းက သူ့မျက်နှာကို တစ်လှည့် မကုန်သေးတဲ့
ထမင်းပန်းကန်ကို တစ်လှည့်ကြည့်ရင်း
စိတ်ပူသလိုမေးလာသည် ။ ဆယ်ဟွန်းက
ပြုံးရုံသာ ပြုံးပြလိုက်ပြီး

" ဗိုက်သိပ် မဆာလို့ .. စားနှင့်နော်
ငါအပေါ်တက်လိုက်ဦးမယ် "

ဆယ်ဟွန်း ဒယ်ဒီကို အရိုအသေ
တစ်ချက်ပြုလိုက်ရင်း အိမ်ပေါ်ထပ်က
သူ့အခန်းရှိရာကို တက်လာခဲ့လိုက်တယ် ။
အိတ်ကပ်ထဲ အဆက်မပြတ်တုန်ခါနေတဲ့
ဖုန်းကို ကြည့်တဲ့အခါ ဂျုံအင့်ဆီမှ ဖြစ်သည် ။
ဆယ်ဟွန်း ဘယ်သူနဲ့မှ စကားပြောချင်စိတ်
ရှိမနေသည်မို့ ဖုန်းကို ပါဝါ ပိတ်ထားလိုက်
တော့သည် ။

ခဏအကြာမှာ ဆယ်ဟွန်း ထင်တဲ့ အတိုင်းပဲ
မာမီက အခန်းထဲ ရောက်လာတယ် ။

ANGEL BABYWhere stories live. Discover now