UNICODE
ဆယ်ဟွန်း အိပ်ယာ၀င်ခါနီး ရေချိုးပြီးတည်းက
ဖုန်းကို ကိုင်လျက် ကုတင်ပေါ်မှာ ထိုင်နေတာ
အတော် ကြာနေပြီ ဖြစ်သည် ။အကြောင်းအရင်းက ဂျုံအင့်ကို ဖုန်းဆက်ရမလား
မဆက်ရမလား တွေဝေနေခြင်းသာ ။အတွေးများနေချိန်မှာပဲ ၀င်လာတဲ့ ဖုန်း call
ကြောင့် အနည်းငယ်တော့ လန့်သွားပေမဲ့
Contact name ကို မြင်တဲ့အခါ
ဆယ်ဟွန်း မျက်နှာပေါ်က အပြုံးတွေက ဖုံးဖိမရ ။ဆယ်ဟွန်း ချောင်းတစ်ချက်ဟန့်လိုက်ပြီး
ဖုန်း call ကို accept လုပ်လိုက်ပေမဲ့ တစ်ဖက်မှ
ဘာသံမျှ မကြားရ ။ လေတိုးသံ အနည်းငယ်ကို
ကြားနေရတာမို့ ဂျုံအင် အပြင်ရောက်နေမှန်း
ဆယ်ဟွန်း သိလိုက်သည် ။အချိန်က ည ၁၂ နာရီခွဲ ။
ဆယ်ဟွန်းဘက်က အတော်အတန်ကြာ
စောင့်နေပေမဲ့ တစ်ဖက်က လေတိုးသံအပြင်
ဘာသံမှမကြားရတာမို့ အနည်းငယ်တော့
စိတ်ပူလာသည် ။" ဟိတ် မင်း ဘယ်မှာလဲ .. ကိုယ် လေသံတွေ
ကြားနေရတယ် .. "ဆယ်ဟွန်းဘက်က စကားသံအဆုံးမှာ
လေတိုးသံတွေဟာ ရပ်တန့်သွားသလို
ဆယ်ဟွန်း ကြားချင်နေတဲ့ အသံက ဖုန်းမှ
တစ်ဆင့် တိုးဖျော့ဖျော့လေး ပျံ့လွင့်လာတယ် ။" ဦး ... "
စကားလုံး တစ်လုံးတည်းပေမဲ့ အသံက
ရီဝေနေသည် ။ဆယ်ဟွန်း အလိုအလျောက်ပဲ
မတ်တပ်ထရပ်လိုက်မိတယ် ။" မင်း မူးနေတာလား "
" ကျွန်တော် ... ဦး အိမ်အောက်မှာ "
ထပ်၍ ကြားလာရတဲ့ ရီဝေဝေ စကားသံ
အဆုံးမှာ ဆယ်ဟွန်း ပြတင်းပေါက်ကနေ
တစ်ဆင့် လှမ်း ကြည့်လိုက်မိသည် ။ညအမှောင်အောက်မှာ တစ်ရပ်ကွက်လုံးဟာ
တိတ်တိတ်ဆိတ်ဆိတ် ။ကားအမဲရောင်လေးဟာ ဆယ်ဟွန်း အိမ်အရှေ့မှာ
ရပ်ထားလျက်ရှိပြီး မကြာခင်မှာပဲ တစ်ကိုယ်လုံး
မည်းနက်နေအောင် ၀တ်ဆင်ထားတဲ့
သူတစ်ယောက် ကားပေါ်က ယိုင်နဲ့နဲ့နဲ့
ဆင်းချလာတာကို ဆယ်ဟွန်း တွေ့လိုက်ရသည် ။