EP - 8

180 29 12
                                    

UNICODE






လေးရက် ကြာပြီးတဲ့နောက်မှာ
ဂျုံအင့် ဒဏ်ရာက သက်သာလာတယ် ။ ​
ဆေးသေချာထည့်တာမို့ ညိုမဲရာ
ပါး​ပါးသာ ကျန်ပေမဲ့ မိတ်ကပ်နဲ့ ဖုံးလို့ရတာမို့
မနက်ဖြန် shooting အတွက် ကိစ္စတော့သိပ်မရှိ ။

ဂျုံအင် ကိုယ့်မျက်နှာကို မှန်ထဲမှာ တစ်ချက်
ကြည့်လိုက်ရင်း သက်ပြင်းချလိုက်မိတယ် ။
ဘယ်နားနားကြည့်ကြည့် ချစ်စရာလေး
ဖြစ်နေပေမဲ့ ဦးက အခုထိ သူ့ကို ချစ်တယ်လို့
မပြောသေးတာ တော်တော်ဆိုးသည် ။

အလုပ်လုပ်နေတဲ့ ဦးဘေးနားကို ဂျုံအင်က
ဆူအောင့်အောင့်နဲ့ ဝင်ထိုင်တော့ ဦးက
သူ့ကို မျက်လုံးပင့်လို့ကြည့်တယ် ။

" ဦး ကျွန်တော်ကို မချစ်သေးဘူးလားဗျာ "

သူ့စကားသံကိုကြားတော့ ဦးက ပြုံးရုံသာ
ပြုံးပြီး လုပ်လက်စ အလုပ်ကို ရပ်လိုက်တယ် ။
ပြီးမှ ဂျုံအင်ခုံကို သူ့ဘေးနားသို့ ဆွဲကပ်စေ
လိုက်ရင်း နဖူးကို စမ်းလာတာမို့ ဂျုံအင်က
မျက်မှောင်တွန့်လိုက်မိသည် ။

" မင်း စောန အကောင်းကြီးပါ "

" ဦးက စကားလမ်းကြောင်း လွှဲတယ်ဗျာ "

အလိုမကျသံ ပေါ်ထွက်လာတော့
ဆယ်ဟွန်း ဟမ့်ခနဲသာ ရယ်လိုက်မိသည် ။
ကျိန်းသေပေါက် သူ ဂျစ်တူးအပေါ် ခံစားချက်
ရှိတာ သေချာပေမဲ့ သူသာ ခံစားချက်အမှန်ကို
ပြောလိုက်ရင် ဂျစ်တူးက ဒီထက် ဆိုးမှာပင် ။
အခုတောင် ဂျစ်ကန်ကန် လုပ်နေတာ
ဆယ်ဟွန်းကပါ ပိုလို့ အလိုလိုက်လို့မဖြစ် ။

.
.
.

" ဥက္ကဌ အိုရယ် အဲ့ကလေး
ပြောတုန်းက နားရှိလို့သာ ယုံရတယ်
ဘယ်လိုများ အဲ့ကလေးနဲ့ တွဲဖို့ ဆုံးဖြတ်
လိုက်လဲရှင် "

ဂျုံအင့်မားမားက စိတ်ညစ်သလို ညီးတွား
လာတာမို့ ဆယ်ဟွန်းက ခေါင်းငုံ့လို့
ခပ်တိုးတိုးရယ်လိုက်မိသည် ။

" ဂျုံအင်က ချစ်စရာကောင်းပါတယ် "

သူ့ဆီက အပြုံးသဲ့သဲ့ နဲ့ စကားသံကို ကြားတော့
ဂျုံအင့်မားမားက နားထင်ကြောကို
အသာဖိတယ် ။

ANGEL BABYWhere stories live. Discover now