EP - 16

161 27 11
                                    

UNICODE





" ငိုဦးမှာလား "

စောနလေးတင် " သူက အပျော်တွဲခံရတာပါ "
ဆိုသည့် အကြောင်းပြချက်နဲ့ ငိုထားတဲ့
ဂျုံအင်ဟာ မျက်၀န်းလေးတွေ
ဖောင်းအစ်နေသည် ။

" လိုချင်တာရပြီလေ .. ငိုစရာ လိုသေးလို့လား "

တကယ်ကိုပဲ စောန ပုံစံနှင့် ခြားနားစွာ
ဂျစ်ကန်ကန် ပြန်ဖြေလာပုံကြောင့်
ဆယ်ဟွန်းက နှုတ်ခမ်းပါးလေး
ကော့တက်ရုံမျှ ပြုံးလိုက်မိတယ် ။

နောက်ဆို ဂျစ်တူးဟာ ဒီ့ထက်
ဂျစ်တူးလုပ်တော့မှာပဲလို့
တွေးမိသည့်အခါ ဆယ်ဟွန်း
နှုတ်ခမ်းပါးတွေဟာ ဖုံးဖိမရ ။

သူ တကယ်ကိုပဲ ဒီကလေးကို
ချစ်မိသွားခဲ့ပြီ ။

" ရယ်နေတယ် ? "

" အင် ? "

" ကျွန်တော် ပင်ပင်ပန်းပန်း ငိုလိုက်ရတာကို
ရယ်စရာများ ထင်နေလား "

နှုတ်ခမ်းလေး မဲ့လို့ ပြောလာပုံဟာ
ဆယ်ဟွန်းကို တမင်သက်သက်
ရွဲ့နေခြင်းပင် ။

အခုအချိန်ဟာ ဂျုံအင့်အိမ်ကို
သွားနေသည့် လမ်းမှာဖြစ်သည် ။
သို့ပေမဲ့ ငိုထားတဲ့ ဂျုံအင်ဟာ
မျက်လုံးနေရာလေးပဲ ကွက်ပြီး
အစ်နေတာပေမဲ့ ငိုနေထားတာမှန်းတော့
သိသာနေသည် ။ အခုချိန် အိမ်ရောက်လို့
လူကြီးတွေနှင့် တွေ့သည့်အခါ အထင်လွဲစရာ
မို့ ဂျုံအင့် မျက်နှာ အဆင်ပြေသည်အထိ
ဆယ်ဟွန်းက စောင့်ပေးနေခြင်းပင်
ဖြစ်သည် ။

" မရယ်ပါဘူး .. ပြုံးရုံတင်ပါ
ဂျစ်တူးပုံစံက သဘောကျစရာလေးမို့
ကိုယ်က ပြုံးတာ .. မပြုံးရဘူးလား "

ထိုအခါမှသာ ဂျုံအင့်က
လက်ခံသွားတယ် ။

" ပြီးတာပဲ "

စိုလဲ့လဲ့ ဖြစ်နေ‌ေသးတဲ့ မျက်ခွံဖောင်းဖောင်း
လေးအပေါ် ဆယ်ဟွန်းက အသားယားစွာပဲ
ဖိကပ်နမ်း လိုက်တဲ့အခါ ဂျုံအင်က နှုတ်ခမ်းကိုပါ
လက်ညိုး ညွှန်ပြလာတယ် ။

" ဘာကိုလဲ "

" နမ်းလေ .. နမ်းမယ်ဆို ဒီကိုပါ နမ်းရမှာပေါ့ "

ဆယ်ဟွန်းက သဘောခွေ့စွာပဲ
ဂျုံအင်ရဲ့ နှုတ်ခမ်းသားနုနုကို
ခပ်ဖွဖွလေး နမ်းလိုက်မိတယ် ။

You've reached the end of published parts.

⏰ Last updated: Feb 18 ⏰

Add this story to your Library to get notified about new parts!

ANGEL BABYWhere stories live. Discover now