Uni
အရေးပေါ်အခန်းတံခါးပွင့်သံကြောင့် ခန့်ထယ်ဝါ ချက်ချင်းမတ်တပ်ရပ်မိသွားတယ်
စိတ်ဆောင်နေပေမယ့် မတ်တပ်ရပ်ပြီး ချက်ချင်းပြန်လဲကျသွားတဲ့ မိမိခန္ဓာကိုယ်ကို သိပ်တော့မကျေနပ်နိုင်
ခွဲခန်းထဲကထွက်လာတဲ့ ဆရာဝန်တွေဆီရောက်ဖို့ ခွေကျသွားတဲ့ ခြေထောက်ကို ပြန်မတ်ပြီး အပြေးတစ်ပိုင်းသွားမိတော့
"ဒေါက်တာ ကျွန်တော့်မိန်းမ အဆင်ပြေလား ဟင်"
"စိတ်မကောင်းပါဘူးဗျာ ကလေးကိုတော့ ကျွန်တော်တို့လက်လွှတ်လိုက်ရပြီ
မိခင်ရဲ့အသက်တောင် အချန်မှီတယ်ဆိုယုံလေးပဲ
ကလေးရဲ့ကံလို့ပဲ ဆိုရမှာပေါ့
မိခင်ကတော့ ခွဲစိတ်ပြီးလို့ လူနာဆောင်ကိုပို့လိုက်ပါပြီ စိုးရိမ်စရာမရှိတော့ပါဘူး"
ခန့်ထယ်ဝါ ရဲ့လက်နှစ်ဖက်လုံး ဆရာဝန်ရဲ့လက်တွေကို ကိုင်ပြီး သတိလက်လွတ်ပြောနေမိတာ မျက်လုံးမှာလည်း မျက်ရည်တွေနဲ့
"ကလေးလေးက ဒါဆို ကျွန်တော်တို့ ကလေးလေးက ""ကျွန်တော်တို့စိတ်မကောင်းပါဘူး"
ခန့်ထယ်ဝယ် ခေါင်းတွေခါမိလား
အော်ငိုမိလားမသိတော့"သားကြီး စိတ်ကိုထိန်းပါ သားတောင်ဒီလောက်ဝမ်းနည်းနေရင် နက်လေးကို ကြီးမြတို့ ဘယ်လိုနှစ်သိမ့်ပေးနိုင်မလဲကွယ် "
ကြီးမြကို ဖက်ကာငိုနေတဲ့ ခန့်ကြောင့်ကြီးမြ ခင်ဗျာလည်း ရင်ထဲဝေသနာတွေအပြည့်နဲ့ပေါ့
.........
နက်မျက်လုံးတွေပွင့်လာတော့ ဆေးရုံပေါ်မှာ"နက် သတိရလာပြီလား သက်သာလားဟင် ကိုကို့ကိုမှတ်မိလား ကိုကိုလေ နက်"
ခေါင်းငြိမ့်ပြယုံလေး ငြိမ့်လိုက်တဲ့ နက်ကြောင့် ခန့် စိတ်မချနိုင်
"ခုဘယ်လိုနေသေးလဲဟင် ခဏလေးနော် ဆရာဝန်သွားခေါ်လိုက်ဦးမယ်"
ခန့်ပြောတာကို နက်ကြားလားမကြားလားမသိနိုင် ပကတိတည်ငြိမ်နေတဲ့ မျက်နှာလေးနဲ့
YOU ARE READING
တစ်ချက်လေး စောင်းငဲ့ကြည့်ဦး
Randomမင်းက ငါ့အချစ်တွေနဲ့ မထိုက်တန်တဲ့မိန်းမပဲ ငါမင်းကို မင်းသေသွားရင်တောင် ပြန်ချသ်မှာမဟုတ်ဘူး ခန့်ထယ်ဝါ ကိုခန့်ဘယ်လောက်မုန်းမုန်း နက်နားကမထွက်သွားပါနဲ့နော် နက်က ကိုခန့်မရှိရင် သေမှာ ပုလဲနက်