"မင်းငါ့ကို တကယ် လမ်းခွဲတော့မှာလား ပတ်ဟန်ဘင်း"
မကျေနပ်သလို ခနဲ့သည့်လေသံဖြင့် မေးလိုက်သော ဂင်ထယ်ရယ်ကိုကြည့်ရင်း ဟန်ဘင်းက ခပ်ဖွဖွလေးရယ်လိုက်သည်။
"ဟုတ်တယ်လေ ဟုတ်လို့ ပြောနေတာပေါ့ဟ၊မဟုတ်ရင် လေကုန်ခံပြီး ပြောမနေဘူး"
ဆေးလိပ်ငွေ့တွေကို လေထဲရှိုက်ထုတ်လိုက်ပြီး ထယ်ရယ်ကို တစ်ချက်လေးတောင် မကြည့်ဘဲ ကောင်းကင်ပြာပြာကို မော့ကြည့်နေသော ဟန်ဘင်းက ရုပ်လေးချောသလောက် နှလုံးသားမဲ့လွန်းလှသည်။
ထယ်ရယ်လည်း သက်ပြင်းချလိုက်ပြီး
"ကောင်းပြီလေ မင်းမှ ဆက်မတွဲချင်လည်း လမ်းခွဲကြတာပေါ့"
"ဟင်"
ဟန်ဘင်းထင်တာက တခြားလူတွေလိုပဲ လမ်းခွဲစကားပြောခံရရင် ခြေသလုံးကို ဖက်တွယ်ပြီး မထားခဲ့ပါနဲ့လို့ ပြောမယ်ထင်ခဲ့တာ။ ထယ်ရယ်ကတော့ အဲ့လိုမဟုတ် ပေါ့ပေါ့ပါးပါးပဲ နှုတ်ဆက်ပြီး သူ့ရှေ့ကထွက်သွားဖို့ စက်ဘီးခြေနင်းကိုတောင် စနင်းနေပြီ။
"ဟာ ဟေ့ ဂင်ထယ်ရယ်"
ဟန်ဘင်း အနောက်ကနေ ခေါ်နေပါသော်လည်း သူ့ကို လှည့်တောင်မကြည့်ဘဲ စက်ဘီးနင်းထွက်သွားသော ဂင်ထယ်ရယ်ကို ကြည့်ရင်း ကျန်ခဲ့တော့သည်။
"တကယ်မလွယ်ဘူးပဲ"
~
"အီးဟီး အသည်းကွဲတဲ့ရောဂါက တော်တော်ဆိုးတာပါလား အမေရေ"
ပတ်ဟန်ဘင်းရှေ့မှာတော့ ခပ်ချေချေထွက်လာခဲ့ပေမဲ့ နဂိုအသည်းနုသူ ထယ်ရယ်တစ်ယောက် အဆောင်ခန်းထဲတွင် ခေါင်းအုံးကြီးဖက်ပြီး တအင့်အင့်နှင့် ငိုနေတော့သည်။
အခန်းဖော် အီဂျောင်ဟျွန်းလည်း ထယ်ရယ်ကိုကြည့်ရင်း နှပ်ပဲပြေးညှစ်ပေးရတော့မလို ဖက်ပြီးပဲ နှစ်သိမ့်ပေးရတော့မလိုနှင့် အတော်ကြောင်ပျောက်နေသည်လေ။
"မင်းကလည်း ငါအစကတည်းက သတိပေးသားပဲ အဲ့ပလေးဘွိုင်းကို မတွဲပါနဲ့လို့ အခုတော့ ထားခဲ့ခံရပြီ"
"ငါက သူ့ကို ချစ်တာကိုးဟ အီးဟီး"
ပြောလေကဲလေဖြစ်နေတာကြောင့် ဂျောင်ဟျွန်းလည်း ပါးစပ်လေးပိတ်ရင်း စာပဲပြန်ဖတ်နေလိုက်တော့သည်။
![](https://img.wattpad.com/cover/337555732-288-k205338.jpg)