Exile(end)

253 43 19
                                    

"You're not my homeland anymore, so what am I defending now?"

~

"ဒေါက်တာထယ်ရယ်!"

ထယ်ရယ် ဆေးရုံlobbyထဲ ဝင်ဝင်ချင်းမှာတင် လက်ထဲမှာ ကော်ဖီနှစ်ဘူးကိုင်ထားပြီး သူ့ကိုစောင့်နေသော ဟန်ယူဂျင်းကိုမြင်လိုက်ရသည်။ လူနာသာပြောတာ မျက်နှာလေးက ပန်းနုရောင်သန်းသော မက်မွန်သီးပုံစံလေးရှိပြီး ချစ်စရာကောင်းသော ယုန်ပေါက်ဖြူလေးနှင့်ပင် တူနေသည်လေ။

"ယူဂျင်း အကိုလာပြီ"

"ဒေါက်တာကလည်း ကြာလိုက်တာဗျာ၊ ကော်ဖီတွေတောင် အေးကုန်ပြီထင်တယ်"

သူ့ကို နှုတ်ခမ်းတစ်တောင်လောက်ဆူပြပြီး ဂျစ်တိုက်နေသော ယူဂျင်းကိုကြည့်ရင်း ဟန်ဘင်းကိုတောင် ဖြတ်ခနဲသတိရသွားမိသည်။ ဟန်ဘင်းလည်း အလိုမကျတာတစ်ခုခုရှိရင် နှုတ်ခမ်းဆူပြီး စိတ်ကောက်နေကျပဲလေ။

"လူနာခန်းထဲသွားကြမယ် လာ"

ယူဂျင်းက သူ့လက်ကောက်ဝတ်ကို ဖြတ်ခနဲဆွဲကိုင်လိုက်ပြီး အခန်းဆီကို ခပ်သုတ်သုတ်ပြေးသွားတာကြောင့် နောက်ကနေ တရွတ်တိုက်ပါသွားရသည်။

ထယ်ရယ် တစ်ချက်တစ်ချက်တော့ တွေးမိသည်၊ ဒီကလေးဟာ သူ့ကို လိုတာထက်ပိုပြီး တွယ်တာနေမိသလားဟူ၍ပင်။

"လာထိုင် ဒေါက်တာ ကျွန်တော် ချောကလက်ဝေဖာမှာထားတယ်"

စားပွဲပေါ်မှာ တင်ထားသော ချောကလက်ရည်စမ်းထားသည့် ဝေဖာနှစ်ချပ်နှင့် ကော်ဖီနံ့ကြောင့် ထယ်ရယ် စားချင်စိတ်ပေါ်လာရသည်။ ယူဂျင်းကလည်း သူနဲ့ မုန့်လေးတူတူစားရမှာကိုပင် အတော်စိတ်လှုပ်ရှားနေပုံရသည်။

ဘာရယ်မဟုတ်၊ ထယ်ရယ့်အကြည့်တွေက လူနာကုတင်ရဲ့ ဘေးစားပွဲပေါ် တင်ထားသော စက္ကူခေါက်လက်စွပ်လေးတွေဆီသို့ ရောက်သွားရသည်။ ယူဂျင်းလည်း မုန့်စားနေရင်းကပင် ထယ်ရယ် ထိုလက်စွပ်တွေကိုကြည့်နေမှန်းသိတာကြောင့် စကားစလိုက်သည်။

"လိုချင်လို့လား? အဲ့ဒါ ဒေါက်တာ့အတွက် ခေါက်ထားတာတွေလေ"

"ဟင်? အကို့အတွက်လား ဘာလုပ်ဖို့လဲ"

"ကျွန်တော် ဒေါက်တာ့ကို သဘောကျလို့...လက်စွပ်အစစ်တော့ မတတ်နိုင်ပေမဲ့ စက္ကူခေါက်လက်စွပ်လေးတွေ ကြိုက်မယ်ထင်လို့ပါ"

Feel My Rhythm(BinTae 꽃가루즈 one shots)✔️Where stories live. Discover now