My annoying ex(2)

252 37 3
                                    

ဟန်ဘင်းရဲ့ တိုက်ခန်းရှေ့ရောက်တော့ ကားကိုရပ်လိုက်ပြီး အိပ်ပျော်နေသော ထယ်ရယ်ကို နှိုးရတော့သည်။

"ထယ်ရယ် ထတော့လေ"

"မထချင်ဘူး အရမ်းအိပ်ချင်နေတယ်"

အရက်မူးမူးနှင့် စကားကိုလေးလုံးမကွဲအောင်ပြန်ပြောလာပြီး ချက်ချင်းပြန်အိပ်ပျော်သွားတာကြောင့် ဟန်ဘင်းလည်း ခေါ်လာမိတာမှားပြီဟုတွေးကာ သက်ပြင်းချမိလိုက်သည်။ ကားထဲမှာ တစ်ညလုံး ပေးနေလို့မရတာကြောင့် ကားတံခါးဖွင့်ကာ အိပ်နေသော ထယ်ရယ်ကို ပင့်ချီပြီး တိုက်ခန်းထဲသို့ခေါ်လာလိုက်သည်။

ဘာတွေ ဘယ်လောက်စားထားမှန်းမသိ လေးပင်နေတာကြောင့် ဟန်ဘင်း ချီထားရင်းကနေ လျှာထွက်ပြီး မောလာရသည်။ ဒါတောင် ဓာတ်လှေကားရှိနေ၍ တော်သေးသည်ဟု ပြောရမည်။ လက်ထဲမှာ အိပ်လို့ကောင်းနေသော ထယ်ရယ့်ထံမှ ဟောက်သံခပ်တိုးတိုးတောင် ထွက်လာပြီမို့ ဟန်ဘင်း စိတ်ပေါက်ပေါက်နှင့် ပစ်ချချင်စိတ်ပေါက်သွားရသည်။

ဝဋ်ကြွေးတွေမကုန်သေးတော့ ဆပ်ဦးပေါ့ဆိုပြီးတွေးကာ ဧည့်ခန်းထဲက ဆိုဖာပေါ် ထယ်ရယ်ကို ချပေးလိုက်သည်။ သူ့တစ်ကိုယ်လုံးမှာလည်း မောပန်းမှုကြောင့် ချွေးအနည်းငယ်ဆို့လျက်။ သူကသာ ပင်ပန်းနေတာ ကျေးဇူးရှင်ကတော့ ဆိုဖာပေါ်မှာ ခွေခွေလေးအိပ်နေတာ ဟောက်သံတွေပင် ပလုံစီ၍ ထွက်လာနေပြီ။

ထယ်ရယ်တစ်ယောက် သူနဲ့လမ်းခွဲပြီး နာမည်မရသေးသော ကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံလိုက်တာ ရှိသမျှ အကုန်ကုန်ပြီး ကွန်ဒိုပါ ချိတ်ပိတ်ခံလိုက်ရတာဖြစ်သည်။ ဟန်ဘင်းသာရှိနေသေးရင် တားမှာဖြစ်ပေမဲ့ အနားမှာမရှိတော့ ဘာမှလည်းမသိ၊ ဘာမှလည်း မလုပ်ပေးလိုက်နိုင်။ အခုလို လမ်းဘေးလာအိပ်နေတဲ့ကိစ္စကိုတောင် ထယ်ရယ့်ညီဝမ်းကွဲ ဟန်ယူဂျင်းက အကိုဟန်ဘင်း ကယ်ပါဦးဆိုမှ ပြာပြာသလဲလဲ သွားခေါ်ရသည့်အဖြစ်။

ဟန်ဘင်း အိပ်နေသော ထယ်ရယ်ကို တစ်ချက်ကြည့်ပြီးနောက် အနားယူရန် ကိုယ့်အိပ်ခန်းထဲကိုယ်သာ ဝင်သွားလိုက်တော့သည်။

~

"အ...ခါးနာလိုက်တာ"

မနက်မိုးလင်းလာတာနဲ့ ထယ်ရယ်ရဲ့ ခိုလို ငြီးငြူသံတွေဟာ တိုက်ခန်းတစ်ခန်းလုံးကို လွှမ်းမိုးသွားတော့သည်။ တစ်ညလုံးခွေခေါက်ပြီး သိုးနေအောင်အိပ်ခဲ့တာ မနက်ကျမှ ခါးနာတာသတိရတဲ့အဖြစ်။

Feel My Rhythm(BinTae 꽃가루즈 one shots)✔️Where stories live. Discover now