Exile(intro)

285 47 12
                                    

"မင်းက ငါ့ကိုမချစ်တော့ဘူးလား ဟန်ဘင်း"

ပေ၂၀ပတ်လည် တိုက်ခန်းကျဉ်းလေးထဲမှာ အပ်ကျသံကအစကြားရလောက်တဲ့အထိ တိတ်ဆိတ်ငြိမ်သက်နေသည်။ ဂင်ထယ်ရယ်နဲ့ ပတ်ဟန်ဘင်းဆိုတဲ့ လူနှစ်ယောက်က ထမင်းစားပွဲမှာ မျက်နှာချင်းဆိုင်ထိုင်နေကြပြီး တစ်ယောက်မျက်နှာတစ်ယောက်တောင် ကြည့်မနေကြဘူး။ 

အရင်ကတော့ ဒီတိုက်ခန်းလေးထဲမှာ ချစ်သူနှစ်ယောက်ရဲ့ စသံနောက်သံတွေနဲ့ ကြင်နာယုယတဲ့အပြုအမူတွေရှိခဲ့ပေမဲ့ ဒီနေ့လို တိတ်ဆိတ်နေမယ့်ရက်ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့တာ။ ထယ်ရယ်က မထင်ထားပေမဲ့ ဟန်ဘင်းကတော့ ကြိုမြင်ခဲ့မှာပဲ။

"ဟင် မေးတာဖြေလေ"

"အင်း ငါ ငြီးငွေ့နေပြီ"

ပြောရင်းနဲ့တောင် ပတ်ဟန်ဘင်းက စားပွဲပေါ်က ဘီယာခွက်ကို ယူသောက်လိုက်သေးတာ ထယ်ရယ့်ကို အလေးမထားမှန်း သိပ်သိသာတာပဲ။ အရင်က ဟန်ဘင်းဆိုတာ အဲ့လိုမှမဟုတ်တာ။

ထယ်ရယ်ချစ်ရတဲ့ ဟန်ဘင်းက လွန်ခဲ့တဲ့ တစ်လလောက်က စပြီး ပြောင်းလဲသွားခဲ့သည်။ အရင်က ထယ်ရယ်ကို ချစ်လှပါချည်ရဲ့ဆိုတဲ့ ဟန်ဘင်းက အရင်တစ်လကတည်းက အိမ်မကပ်၊ သူ့စကားဆိုလည်း နားမထောင်တော့ဘဲ အရွဲ့တိုက်လာတတ်သည်။

အခု ပေါ်တင်ပြောလာပြီဆိုမှတော့ ထယ်ရယ်လည်း သနားစရာကောင်းအောင် ဆွဲတော့မထားပါဘူး၊ သွားလိုရာလမ်းကို လွှတ်ပေးလိုက်ရုံသာ။ ဒါပေမဲ့ ထယ်ရယ့်စိတ်က လက်မခံနိုင်သေးဘူး။

"ဘာဖြစ်လို့လဲ ငါ မင်းအပေါ် လုံလုံလောက်လောက်များ မကောင်းပေးခဲ့လို့လား?"

"အဲ့လိုတွေကြောင့်မဟုတ်ပါဘူး၊ နောက်ကျ ဆေးရုံမှာတွေ့လည်း မသိသလိုပဲနေရအောင်နော် ငါ မနက်ဖြန်ကျ အထုပ်တွေသိမ်းပြီး အိမ်ပြောင်းတော့မယ်"

"ဘာလို့လဲ အိမ်ပြောင်းရတဲ့အထိတောင် လိုလို့လား အချစ်ရယ် ငါဘာတွေများ မှားနေလို့လဲ နားမလည်နိုင်တော့ဘူး သိလား"

ဒီလို မွန်းကြပ်စရာကောင်းတဲ့ အခြေအနေကြီးထဲမှာ ထယ်ရယ်မနေချင်၊ မြန်သည်ထက်မြန်အောင် ဟန်ဘင်းကို လွှတ်ပေးလိုက်ချင်ပေမဲ့ အကြောင်းပြချက်လည်းမသိရ အိမ်လည်းပြောင်းမယ်ဆိုတာကတော့ လွန်လွန်းတာမဟုတ်ဘူးလား။

"ငါ့ကိုခွင့်မလွှတ်နဲ့ ထယ်ရယ်၊ အခုအချိန်ကစပြီး ငါက မင်းပိုင်တဲ့တိုင်းပြည်ကနေ ပြည်နှင်ဒဏ်ခံလိုက်ရတဲ့ လူတစ်ယောက်ပဲမို့လို့ ငါ့ကို ထပ်မတွေ့ချင်နဲ့တော့"

ဟန်ဘင်းက ထိုင်နေရာကနေ ထလာပြီး ထယ်ရယ့်ဆီ လျှောက်လာကာ နဖူးကို ဖွဖွလေးနမ်းသွားတယ်၊ ပြီးတော့ သူ့ဘာသာသူ အခန်းထဲဝင်သွားတော့တာပဲ။ ထယ်ရယ့်အနီးတစ်ဝိုက်မှာ ဝေ့ပြီးကျန်ရစ်ခဲ့တဲ့ ဘီယာနံ့စူးစူးကိုတောင် ရလိုက်သေး။

"ကြိုတွေးထားပေမဲ့ တကယ်ဖြစ်လာတော့လည်း လက်မခံနိုင်ဘူးပဲ အချစ်ရယ် ငါဘယ်လိုလုပ်ရမလဲ"

ထိုနေ့ညက သူတို့နှစ်ယောက်လုံး အသံတစ်သံမှ မထွက်ဘဲ တိတ်ဆိတ်ပြီး အတွေးကမ္ဘာကိုယ်စီမှာ ရွက်လွှင့်ရင်း ကြေကွဲနေကြတော့သည်။

💌

I think I've seen this film before and I didn't like the ending.

Pollenzကို လွမ်းနေကြမယ့် လူတွေအတွက်ပါ>< ကိုယ်တိုင်လည်း move onမလုပ်နိုင်သေးလို့ ဒီone shot seriesကို သတိရရင်ရသလို ဆက်ရေးသွားမှာမို့လို့ ဖတ်ပေးကြပါဦးနော်🫶🏻🩵

Feel My Rhythm(BinTae 꽃가루즈 one shots)✔️Where stories live. Discover now