I love you more(2)

433 62 12
                                    

"အီဂျောင် ဒီနေ့ငါတို့ဘာသွားစားကြမလဲ"

"သုံးထပ်သားကင် သွားစားကြမလား"

"Cool"

ဟန်ဆောင်ရည်းစားလေး အီဂျောင်ကို လက်တွဲထားရင်း မျက်စိမှိတ်ပြလိုက်သည့် ထယ်ရယ်ကို အဝေးတစ်နေရာက လှမ်းကြည့်နေသူက ပတ်ဟန်ဘင်း။ မျက်လုံးထဲကနေ ဒေါသအခိုးအငွေ့တွေထွက်နေသည်ကို အဝေးက လှမ်းမြင်နေရသော အီဂျောင်ဟျွန်းတောင် ခံစားလို့ရမိသည်။

"ဟိုမှာ မင်းလူဒေါသထွက်ပြီး ငါ့ကိုကြည့်နေတယ်"

"ဟ ဘာမှငါ့လူမဟုတ်ဘူး မင်းကမှ ငါ့လူ"

"ကြက်သီးထလိုက်တာကွာ ပလီပလာတွေမပြောစမ်းပါနဲ့"

"ငါသူ့ကို သွားစလိုက်ဦးမယ် လိုက်ခဲ့"

ဒီ ဂင်ထယ်ရယ်ကတော့ ငြိမ်ငြိမ်နေမယ့်စိတ်ကူးကို မရှိဘူးထင်။ ဂျောင်ဟျွန်းလည်း နှစ်ယောက်မရှိတဲ့ သူငယ်ချင်းမို့သာ သူပြုသမျှနုနေရတာ။

"ပတ်ဟန်ဘင်း တစ်ယောက်ထဲလား"

"ငါ့ဘေးနားမှာ ဘယ်နှယောက်မြင်လို့လဲ"

သွေးအေးတိုက်ပွဲစတင်လာတာကြောင့် ဖြတ်သွားဖြတ်လာများကလည်း သူတို့နှစ်ယောက်ကို ကွက်ကြည့်ကွက်ကြည့်လုပ်လာကြသည်။ ကာယကံရှင်တွေ ရှက်မရှက်မသိပေမဲ့ ဘေးကနေရသော ဂျောင်ဟျွန်းကတော့ ရှက်လာသည်။

"ထယ်ရယ် သွားရအောင် ဆိုင်မှာ လူများနေဦးမယ်"

ချော့ချော့မော့မော့ပြောလိုက်သော်လည်း မရ၊ သူ့လက်ကို ဖမ်းကိုင်လိုက်ပြီး ပတ်ဟန်ဘင်းကိုကြည့်ကာ ပြန်ပြောလာသည်။

"နေပါဦး အချစ်ကလည်း၊ ဒီမှာ ကိုယ် ငယ်သူငယ်ချင်းလေးနဲ့ စကားပြောနေတယ်လေ"

"ဘာ ငယ်သူငယ်ချင်း? ဂင်ထယ်ရယ် မင်းတော်တော် မျက်နှာပြောင်တာပဲ"

"ဟုတ်တယ်လေ ငါတို့က ငယ်သူငယ်ချင်းမဟုတ်လို့ ဘာလဲ၊အခု ဘာမှမှ မပတ်သက်တော့တာ၊ ဪ ပြီးတော့ ထပ်ထည့်ချင်ရင် ဝေါဟာရတစ်ခုတော့ ရှိသေးတယ်လေ

ရည်းစားဟောင်း...ဟုတ်တယ်မလား"

မီးလောင်ရာလေပင့်သလို ဖြစ်သွားသော ထယ်ရယ်ရဲ့ စကားကြောင့် ပတ်ဟန်ဘင်းတစ်ယောက် နားထင်မှာ အကြောတွေထောင်လာရသည်အထိ ဒေါသထွက်သွားတော့သည်။ ဂျောင်ဟျွန်းတစ်ယောက် ဒီလို ကြားညပ်နေတဲ့အခြေအနေကြီးကို မကြိုက်လိုက်တာ။

Feel My Rhythm(BinTae 꽃가루즈 one shots)✔️Onde histórias criam vida. Descubra agora