I love you more(end)

492 69 10
                                    

သုံးယောက်သား စားသောက်ဆိုင်ရဲ့ ချောင်ကျကျတစ်နေရာမှာ ထိုင်ရင်း ပြောစရာစကားမဲ့နေတာကြောင့် တစ်ယောက်မျက်နှာတစ်ယောက် ထိုင်ကြည့်နေမိကြသည်။ တိတ်ဆိတ်မှုကို မခံစားနိုင်တော့သော အီဂျောင်ဟျွန်းကပဲ အေးစက်နေသော လေထုကို ဖြိုခွင်းရန် စကားစလိုက်သည်။

"တစ်ခုခုမှာကြမယ်လေ ထယ်ရယ် ဘာစားမလဲ"

"ငါက ပင်လယ်စာခေါက်ဆွဲတစ်ပွဲ"

"အဲ့ဒါဆို ငါ ပဲခေါက်ဆွဲစားလိုက်မယ်၊ ပတ်ဟန်ဘင်းရော?"

"ဂင်မ်ချီထမင်းကြော်တစ်ပွဲ"

"အိုကေ"

သုံးယောက်စာမှာလိုက်ပြီး စားပွဲဝိုင်းကို ပြန်အာရုံစိုက်လိုက်တော့ အကြည့်စစ်ခင်းနေသည့် နှစ်ယောက်သားကို မြင်ရသည်။ ဒီလို တိတ်ဆိတ်ပြီး အောင့်သက်သက်ဖြစ်ရသည့် အခြေအနေကြီးမှာ ဂျောင်ဟျွန်းနေရတာ စိတ်ညစ်လာသည်။

"လိုရင်းပဲပြောကြတာပေါ့"

ရုတ်တရက်ကြီး ထပြောလာသည့် ပတ်ဟန်ဘင်းကို နှစ်ယောက်သား စိုက်ကြည့်လိုက်ပြီး ပြောဆိုသည့် သဘောဖြင့် ခေါင်းငြိမ့်ပြလိုက်ကြသည်။

"မင်းတို့ဆက်ဆံရေးက အလိမ်အညာမလား"

"မဟုတ်ဘူး" "ဟုတ်တယ်"

မျက်ခုံးတွေကို သိသိသာသာတွန့်ချိုးလိုက်သည့် ဟန်ဘင်းက သူ့စိတ်ဆန္ဒအရ ထယ်ရယ်ရဲ့ စကားကို မယုံချင်မှန်း သိသာနေသည်။

"ဘယ်သူ့စကားယုံရမှာလဲ"

"ငါ့စကားယုံ" "ငါ့ကိုယုံ"

ဟန်ဘင်းလည်း သက်ပြင်းချလိုက်ပြီး အညိုရောင်စက္ကူအိတ်ထဲမှ ဓာတ်ပုံသုံးလေးပုံကို ထုတ်ပြီး သူတို့ရှေ့ကိုချပေးလိုက်တော့ သူငယ်ချင်းအရင်းကြီးတွေလို ပြုမူဆက်ဆံနေသည့် ထယ်ရယ်နဲ့ အီဂျောင်ရဲ့ ပုံတွေဖြစ်နေသည်လေ။

"ပတ်ဟန်ဘင်း မင်းငါတို့နောက်ကို လူလွှတ်ထားတာလား"

ထယ်ရယ်က ရှူးရှူးရှဲရှဲထရန်တွေ့တော့ အီဂျောင်လည်း လိုက်ပဲထောက်ခံရတော့မလိုလို၊ ဘယ်လောက်ပဲ စိတ်အားထက်သန်နေပါစေ နောက်ယောင်ခံတာကတော့ လွန်တယ်မလား။

Feel My Rhythm(BinTae 꽃가루즈 one shots)✔️Where stories live. Discover now