"ခက်လိုက်တာကွာ မလုပ်ကိုမလုပ်ချင်တော့ဘူး"
သင်္ချာတွက်ရင်း စိတ်ညစ်လာသော ဟန်ဘင်းတစ်ယောက် စာရွက်တွေကို အခန်းထောင့်သို့လွှတ်ပစ်ကာ ထိုင်ငိုနေတော့သည်။
"ဒါတွေမှ မရရင် ထယ်ရယ်က ဘယ်လိုပြန်ချစ်တော့မှာလဲလို့"
ပြောလည်းပြော ငိုလည်းငိုနဲ့ ကြားထဲကနေ ထယ်ရယ့်နာမည်ကလည်း တ ရသေးသည်။
"ဝင်လာမယ်နော်"
တံခါးခေါက်ပြီး ဝင်လာသော မက်သရူးက ငိုနေသော ဟန်ဘင်းကို ဟိုကြည့်ဒီကြည့်နှင့် အရင်မနှစ်သိမ့်ဘဲ စိတ်ထဲကနေ ဝေဖန်နေလားတော့မသိ။
"နဂိုကတည်းကမှ အဆင့်မကောင်းရတဲ့အထဲ စာအုပ်တွေလွှင့်ပစ်ထားစရာလား"
ပါးစပ်ကလည်း ပွစိပွစိနှင့်ပြောပြီး ကြမ်းပြင်ပေါ်မှာ ပွကျဲနေသော စာအုပ်တွေကို တစ်အုပ်ချင်းလိုက်ကောက်ပေးနေသော မက်သရူးကို ဟန်ဘင်းကြောင်ကြည့်နေမိသည်။
"ကဲ ပေါက်ကွဲချင်တာတွေ အကုန်သာပြောချလိုက် သူငယ်ချင်း ငါကူညီဖြေရှင်းပေးမယ်"
ဟန်ဘင်းလည်း မျက်နှာငယ်လေးနှင့် မက်သရူးကိုကြည့်ကာ ဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်သည်။
"ပြန်တော့မယ် တာ့တာ"
ခုနလေးကတင် သူ့ကိုယ်သူ စူပါမန်းလိုလို ကယ်တင်ရှင်လုပ်နေသော မက်သရူးခမျာ ပတ်ဟန်ဘင်းကို အဆင့်တစ်ရအောင် လုပ်ပေးရမယ်ဆိုတော့ ချက်ချင်းထပြန်နေပြီ။ဟန်ဘင်းလည်း ကိုယ့်စကားနှင့်ကိုယ်ဆိုပေမဲ့ အဆင့်တစ်သာရရင် ထယ်ရယ်က သေချာပေါက် ပြန်ကြိုက်မှာမို့ ခုကတည်းက ခေါင်းကုတ်ပြီးအခက်တွေ့နေရသည်။
"မက်သရူးရာ လုပ်ပါ"
"ငါလည်း မင်းနဲ့ရောငိုချင်လာပြီ ဟန်ဘင်းရာ၊ ဘာလို့ မဖြစ်နိုင်တာကို သွားစိန်ခေါ်ရတာလဲ"
"ငြိုငြင်နေတာလား"
"ဟုတ်တယ်ဟေး ငြိုငြင်နေတာ၊ မင်းကိုယ်မင်းလည်း မှန်ထဲပြန်ကြည့်ဦး တစ်တန်းလုံးမှာ အနောက်က ရေရင်အဆင့်တစ်ဟာကို"
"အဲ့လိုကြီးမပြောပါနဲ့ဟ"
"ပြောရမှာပဲ အခုတစ်ခေါက်တောင် ကျန်းဟောက်က အဆင့်တစ်ရဖို့ ရေကုန်ရေခမ်းကြိုးစားမယ်လို့ သတင်းကြားထားတယ်"
![](https://img.wattpad.com/cover/337555732-288-k205338.jpg)