Exile(2)

236 39 6
                                    

ပတ်ဟန်ဘင်း ဆေးရုံကထွက်လာပြီးနောက် တက်စီတစ်စီးတားကာ အိမ်သို့ပြန်လာခဲ့သည်။ အီဂျောင့်ကို လိပ်စာလည်းပေးထားပြီးတာကြောင့် ရထားနဲ့ မပြန်တော့တာဖြစ်သည်၊သူများတကာကိုလည်း အကြာကြီးစောင့်မနေစေချင်။

သူ့တိုက်ခန်းရှေ့ရောက်တော့ ကြက်ပေါင်းရည်ပုလင်းတွေကို လက်ထဲမှာကိုင်ပြီး အဝင်ဝတံခါးကိုမှီကာ ရပ်စောင့်နေသော အီဂျောင့်ကိုတွေ့လိုက်ရသည်။

"ရောက်နေတာကြာပြီလား?"

"ဟင့်အင်း အခုပဲရောက်တာ"

နှစ်ယောက်သား တိုက်ခန်းထဲဝင်လိုက်ကြပြီး အီဂျောင်ကတော့ ဆိုဖာပေါ်ပြေးထိုင်သည်။ ဟန်ဘင်းလည်း ပြောင်းလာတာ နေ့တစ်ပိုင်းလောက်ပဲရှိသေးတာကြောင့် အစီအရီနေရာမချရသေးသော ပစ္စည်းတွေကို ဥပေက္ခာပြုကာ အီဂျောင်နဲ့ပဲ စကားပြောရန် ဧည့်ခန်းထဲဝင်လာခဲ့တော့သည်။

"မင်းပိုင်တာလား?"

"အဖေ့တိုက်ခန်းပါ တက်နေလို့ရတယ်ဆိုလို့"

"ဒါနဲ့ မင်း ဒီလိုလုပ်တာ လွန်တယ်လို့မထင်ဘူးလား ပတ်ဟန်ဘင်း"

အပြစ်တင်ချင်သည့်လေသံစွက်နေသော စကားကို အီဂျောင်က မျက်စောင်းထိုးရင်းပြောလာသည်။ ဟုတ်ပါရဲ့ သူလည်း ဘယ်လိုစိတ်ကူးနဲ့ ချစ်ရတဲ့ ထယ်ရယ့်ကို တစ်ယောက်ထဲ မစာမနာထားခဲ့ရပါလိမ့်။

"ထယ်ရယ်က ဘယ်လိုလူမျိုးဆိုတာ မင်းလည်းမသိတာကျနေတာပဲ၊ ငါ ကင်ဆာရှိနေမှန်းသာသိရင် သူ ဂျူတီဆင်းတော့မှာမဟုတ်ဘူး"

"အဲ့ဒါ ဘာအရေးလဲကွာ"

ဘေးလူတောင် အားမလိုအားမရဖြစ်ရသည်အထိ သူကိုယ်တိုင် သွေးအေးလွန်းနေခဲ့တာလား၊ ဆင်ခြင်ဉာဏ်မရှိတော့တာလားဆိုတာ တွေးမရတော့ပါ။

"ငါသေသွားရင် သူဘယ်လောက်ဝမ်းနည်းပြီးကျန်ခဲ့မလဲဆိုတာ တွေးတောင်မတွေးရက်ဘူး၊ အခုလို လမ်းခွဲခဲ့တော့ ငါ့ကိုစိတ်နာပြီး သေသွားလည်း သိပ်ခံစားရတော့မှာမဟုတ်ဘူးလေ အီဂျောင်ရာ"

"မင်းကိုသေမယ်လို့ဘယ်သူပြောလဲ ေ-ာက်ကောင်ရဲ့! မင်းမသေအောင် ငါရှာထားသမျှနဲ့ ကုပေးမယ်၊ ထယ်ရယ့်ဆီပဲ ပြန်သွားလိုက်ပါ နော်"

Feel My Rhythm(BinTae 꽃가루즈 one shots)✔️Where stories live. Discover now