Part 64(uni+zawgyi)

1.6K 55 5
                                    

Uni

ကြီးမြထွက်သွားတာတောင် နက်က ခန့်ထယ်ဝါကိုမလွှတ်ပဲ ဖက်ထားဆဲ

ဘယ်လို သမာဓိရှိနေတဲ့သူမို့ ဒီအခြေအနေကို ငြင်းနိုင်မှာလဲ

"ကိုကို နက်ကို မချစ်တော့ဘူးမလားဟင်"

"နက်ရာ ဘယ်လိုများထင်ရက်ရတာလဲကွာ ကိုကိုက မင်းလေးကို ဘယ်လောက်ချစ်မှန်းသိရဲ့သားနဲ့"

"ဟင့်အင်း မယုံဘူး နက်ကို မချစ်တော့ဘူးဆိုတာသေချာတယ် ကိုကို့မှာ အသစ်ရနေတာမလား ဟင့်"

"နက်ရယ် ကိုကိုမှာ အသစ်ရဖို့နေနေသာသာ
မင်းလေးကိုတောင် မျက်စိအောက်က အပျောက်မခံနိုင်တဲ့ဟာကို ကိုကိုက ဘယ်လိုအသစ်ရရမှာလဲ
ဟေ့ ဟေ့ ငိုစရာမပါတာကို ဘာလို့ငိုနေတုန်းကွာ
ကဲကောင်းပြီပြော ကိုကိုဘာလုပ်ပေးရမလဲ
ငိုတော့မငိုနဲ့နော်
ကိုကိုက နက်ငိုရင် အဲ့ငိုအောင်လုပ်တဲ့သူကို မုန်းတယ် သတ်ပစ်ချင်တယ်
ကိုကိုကိုယ်တိုင် ဖြစ်နေရင်အောင် ကိုယ့်ကိုကိုယ်ခွင့်မလွှတ်နိုင်ဘူးကွ နော် တိတ်တော့ မငိုနဲ့"

"ဟင့် ဒါဆို နက်ကို ခုကလေးရအောင်လုပ်ပေးလေ ရွှတ် နက်က ကလေးကို ပြန်ခေါ်မှာပါဆို ကိုကိုက ဟင့် နက်ကို ဟင့် မချစ်တော့လို့ ရှောင်နေတာမလား"

ခန့်ထယ်ဝါခါးကို အတင်းဖက်ကာ ရင်ဘက်ပေါ် မျက်နှာ အပ်ကာငိုနေတဲ့ ကျင်နာသူလေးကြောင့် သူ့အတွေးတွေ အရိုင်းဆန်လာတာလဲ မဆန်း

"နက်ရာ ဟားဟား ကိုကိုက နက်ကို ကလေးတစ်ဖက်နဲ့ ကျောင်းတက်ရမှာဆိုးလို့ နက်လေးမလွတ်လပ်မှာစိုးလို့ပါကွာ
ကိုကိုဘယ်လောက် တောင် စောင့်ထိမ်းထားရလဲ နက်သိရဲ့လားကွ
မင်းလေး​ကို တစ်ချိန်လုံးမြင်ချင် ထိတွေ့ချင်နေတဲ့ကောင်ပါကွ"

"မယုံဘူး ဟင့် နက်သိတယ် ကိုကို့မှာ အသစ်ရနေပြီ ဟင့် "

"ဟောဗျာ ကိုကိုက အလုပ်သွားရင်တောင် ကိုကို့ အလုပ်ခန်းထဲကနေ နက်ကို CCTV နဲ့ကြည့်နေရတာကွ ဘယ်မှာလဲ အသစ်တွေ့ချိန် ကိုကို့ မျက်လုံးထဲမှာရော ဟောဒီရင်ဘက်ထဲမှာရော တစ်ဘဝလုံးရော ဟော့ဒီက ပုလဲနက်ဆိုတဲ့ အဆိုးလေးပဲရှိတာ "

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now