Part 65(uni+zawgyi)

1.5K 41 1
                                    

Uni
တစ်နေ့၂၄နာရီမှာ အိပ်ချိန်ဖယ်ပြီးရှိတဲ့အချိန်အားလုံး သူမကိုမြင်နေရတာမလောက်နိုင်ဘူး
အိပ်ပျော်သွားရင် မသိစိတ်က လွမ်းမိပြန်ရော
သူမလေးရော အိပ်နေရင် ဒီကကိုကို့ကို အိပ်မက်ထဲထည့်မက်ပါ့မလား
ကိုကိုမဟုတ်တဲ့ အခြားကောင်လေးတွေကိုများ အိပ်မက်ထဲ မြင်လေမလားလို့ တွေးပူမိပြန်တော့ ရင်က ပူလာပြန်တာ
သူများကြားရင် အပိုတွေလို့ထင်လိမ့်မယ်
နှင်းဖြူစင်နဲ့တုန်းက သမီးရီးစားတွေသာဖြစ်ခဲ့တယ် သူဘယ်သူနဲ့တွေ့တွေ့ ဘယ်သူနဲ့စကားပြောပြော အေးဆေးနေနိုင်ပေမယ့်
ခု ညီမလေးတစ်ယောက်ပါလို့ မှတ်ယူထားတဲ့သူက သူမလေးကျောင်းတက်စဥ်ကတည်းက စနေသွေးဆိုတဲ့သူငယ်ချင်းရှိတာတောင်မကြိုက် မျက်စိရှေ့ကလည်းအပျောက်မခံနိုင် ထိခိုက်ဒါဏ်ရာရမှာလဲ စိုးရိမ်လွန်းလို့ လိုက်ချုပ်ချယ်မိတာကိုတောင် သူမလေးကို ကိုယ့်ကအာဏာပြနေတယ်ပဲ ထင်ကြတာလေ

ဒီလောက်စိတ်တင်းပြီးမျက်နှာလွှဲထားတာတောင်မှ ခုတော့ သူမလေးမရှိတဲ့နေ့ရက်တွေကို ဘယ်လိုရှေ့ဆက်ရမလဲဆိုတာတောင် မတွေးရဲတော့တဲ့အထိ ချစ်မိသွားတာ

သူမလေးသာ ခုချိန်ကိုယ့်ကိုပြန်မချစ်ရင်
ခန့်ထယ်ဝါတစ်ယောက် ဘယ်လိုနေနိုင်တော့မှာလဲမသိ
ခုလည်း အိပ်ယာကနိုးနိုးချင်း ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ ပုလဲနက်လေးကို မြင်ရတော့ မိှတ်ထားတဲ့မျက်လုံးလေးတွေကို လွမ်းမိပြန်ရော
သူမလေးရဲ့ မျက်ဝန်းညိုလေးတွေက ဘယ်ချိန်ကြည့်ကြည့်ငေးသွားစေရမှာ အာမခံနိုင်တယ်
လည်တိုင်တစ်လျောက် အနီကွက်လေးများကလည်း သူမလေးရဲ့ အလှကို ဖျက်စီးပစ်လို့မရမှန်း မသိလို့များ အပင်ပန်းခံ ဖြစ်တည်လာလေသလားပဲ
သူမရဲ့နောက်ကျောလေးကို ကျန်လက်တစ်ဖက်နဲ့ ဖက်ပြီး ထွေးပွေးမိတော့ အသက်ရှူရတာ ခက်သွားပုံရတယ်
တအဲ့အဲ့နဲ့ မျက်လုံးလေးလဲ မဖွင့်ပါဘဲ အတင်းရုံးရှာတယ်
ခဏကြာတော့ ရင်ခွင်ထဲက အကောင်ပေါက်လေးရဲ့ မျက်လုံးအိမ်လေး လှုပ်လာတယ် သူမလေးနိုးနေပြီ ဒါပေမယ့် မျက်လုံးမဖွင့်ပဲ ဇွတ်မှိတ်ထားတာ
​"ဟေ့ ကောင်မလေး နိုးနေရင် ထတော့လေ ကိုကိုက မင်းလေးကို မနက်စာ ကျွေးပြီး ရုံးသွားရမှာကွ "
"သွားတော့ပေါ့ နက်ကထပ်အိပ်ဦးမှာ အိပ်ရေးမဝသေးဘူး"
"ဟာ နက်ကလဲ ထတော့လေ မျက်နှာသစ်ပြီး အစာစားပြီးဆေးတိုက်ခဲ့မယ်လေ မဟုတ်ရင် နက်ဖျားလိမ့်မယ်ကွ "
ခန့်ပါးလေးတစ်ဖက်ကိုကိုင်ပြီးပြောတော့ မျက်လုံးလေးပွင့်လာတယ် ဒါပေမယ့် ခဏပဲ ပြီးတော့ ပြန်မှိတ်လိုက်ပြီး
"နက်ဘာသာ သောက်လိုက်မယ် ကိုကိုဘာသာအရင်ထပြီး မျက်နှာသစ် ပြီး မနက်စာစားလိုက်တော့နော် "
"ဟာ မရပါဘူး ကိုကိုက နက်ယောက်ျားဗျ
နက်ခုလိုမထနိုင်တာ ကိုကို့မှာ တာဝန်အပြည့်ရှိတယ်သိရဲ့လား "
"ဟာ ကိုကိုကလဲ ဘာတွေပြောနေတာလဲ ရှက်ပါတယ်ဆို "
​မျက်နှာကို အတင်း အုပ်ကာ စောင်ပုံထဲဝင်ပုန်းလေတဲ့ အကောင်ပေါက်ကြောင့် ခန့်ထယ်ဝါ တဟားဟားရယ်မိတာ အဆန်းလား
"ကဲပါ ထတော့ ရှက်မနေနဲ့ ကိုကိုရဲ့ ဇနီးလေး ကလေးအမေကျတော့ဖြစ်ချင်တယ် ကိုကို့ကိုကျတော့ ရှက်နေတယ် ဘယ်လိုလုပ်မလဲပြော ဟား ကိုကို့မိန်းမကို ကိုကိုက ရေချိုးပေးတော့မယ်ဟေ့"
"ကိုကိုး"
ပြောလဲပြော ကောက်ပွေ့လိုက်တာမို့ နက်လန့်သွားကာ မျက်လုံးဖွင့်ကြည့်တော့ ကိုကိုရော သူရော ညက အတိုင်းမို့ အဝတ်တွေလဲမရှိ အလန့်တကြား ကိုကို့ လည်တိုင်ကိုဖက်လိုက်တော့
"ကဲ မိန်းမရေ ရှက်မနေနဲ့တော့နော် မင်းလေးရှက်တာ သိပ်ချစ်ဖို့ကောင်းနေပြီ morning exercise ထပ်ဖြစ်သွားမယ် ကိုကို့ကို အထင်မသေးနဲ့ကွ "
နက်ရှက်တာကြောင့် ကိုကို့ရင်ခွင်ကျယ်ကြီးထဲ မျက်နှာအပ်ကာ ပုန်းနေမိတော့တယ်
........
"ကဲ မိန်းမရေ ကိုကိုအလုပ်သွားတော့မယ်
နက်ကပြန်အိပ်နေလိုက်ဦးနော် ကိုကိုစိတ်ချမယ်နော် "
နက်ခေါင်းငြိမ့်ပြတယ်ဆိုရင်ပဲ ခန့်ထယ်ဝါက နက်ပါးလေးကို ညှစ်ကာ အနမ်းပေးလေတယ်
"အဟန်း တော်ရုံပဲကောင်းတယ်နော် သားကြီး ငါ့ကိုလဲ ရှိတယ်ဆိုတာ မေ့နေလားမသိဘူး ဘာလဲ ရိပ်သာပြန်နေစေချင်ပြီလားပြော"
သူမအခန်းထဲကထွက်လာတုန်း တွေ့လိုက်ရတဲ့ အချစ်ငှက်နှစ်ကောင်ကြောင့် ကြီးမြတစ်ယောက် ပြောမိပြန်တယ် သူမလဲ ခုလိုမြင်ရတာ ပျော်ရွှင်လို့ပေါ့
"ကန် ကန့်တော့်ပါ ကြီးမြရယ် ဟဲဟဲ
နက်ကကိုယ်နွေးချင်နေလို့လေ သားဆေးတော့တိုက်ခဲ့တယ် ပြန်မအိပ်ပဲ အလုပ်တွေလုပ်နေမှာဆိုးလို့ "
"စိတ်ချစမ်းပါ သားကြီးရာ ကြီးမြတစ်ယောက်လုံးရှိတယ် မင်းညီမ ဘာမှမဖြစ်စေရဘူး ဟုတ်ပြီလား"
"ညီမမဟုတ်တော့ဘူးလေ ကြီးမြရဲ့ ကျွန်တော့်မိန်းမပါ"
တိုးတိုးလေးပြောတာပေမယ့် ကြီးမြကြားတာကြောင့် တဟားဟားရယ်တော့တယ်
"ဟားဟား အေးပါဟယ် နင်ပဲကဲနေလိုက်တော့ နော် "
"ကြီးမြကလည်း ဟဲဟဲ ခုမှ ချစ်ရတာကို နဲနဲပါးပါးတော့နားလည်ပေးပေါ့"
"အေး အေး ငါလည်း ရှင်လေးတို့ အဲ့လို သင့်မြတ်နေတာပဲ မြင်ချင်တာပါအေ
ကဲ အလုပ်သွားမှာမလား သွားသွား နောက်ကျနေဦးမယ်"
"ဟုတ်ကဲ့ နက် ကိုကိုသွားပြီနော်
ကိုကို့ကို လွမ်းနေနော် ကလေးလေး"
........
တစ်နေ့ကို တစ်ခါ အလုပ်သွားခါနီးတိုင်း မှာတမ်းချွေတာဆိုတာ မပြီးတော့
တခါတလေလဲတွေးမိတယ် ကိုကိုကသိပ်ပိုတာပဲလို့ ဒါပေမယ့် နက်ကတော့ကိုကိုပိုတာကို သဘောကျတယ် နက်ကိုချစ်လို့ ပိုတာလေ ဘာမကျေနပ်စရာရှိလဲ နော့်

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now