အခန်း ၉- သာမန်လူတစ်ဦးနှင့် မြင့်မြတ်နယ်မြေ

415 50 0
                                    

စာစဥ် ၁ အခန်း ၉- သာမန်လူတစ်ဦးနှင့် မြင့်မြတ်နယ်မြေ

ဘာသာပြန်သူ- Zing

အနောက်မြောက်ဒေသ တောင်တန်းများအတွင်း၌ မြို့ကြီးတစ်မြို့ရှိ၏။

တိုင်ချန် မြို့ကဲ့သို့ မြို့ငယ်လေးများနှင့် မတူဘဲ ဤမြို့ကြီးသည် လူသန်းပေါင်းများစွာ နေထိုင်နိုင်သည်။ တောင်တန်းများ ဝန်းရံထားသောကြောင့် မြို့အတွင်းသို့ ဝင်ရန်အလွန်ခက်ခဲသည်။ ထို့ကြောင့် ဤမြို့ကြီးတွင် တယ်လီပို့စနစ် လေးခုရှိသည်။

ဒီမြို့ကို ပုံရိပ်ယောင်ဝိညာဥ်မြို့ဟု​ ခေါ်သည်။

ပုံရိပ်ယောင်ဝိညာဥ် မြင့်မြတ်နယ်မြေ သည် ခပ်ဝေးဝေးရှိ တောင်တန်းများကြားတွင် တည်ရှိသောကြောင့် မြို့သည် ဆိတ်ငြိမ်သော်လည်း လာရောက်လည်ပတ်သူ အများအပြားရှိနေဆဲဖြစ်သည်။

လီရှန်တောက်  သည် တယ်လီပို့ဖွဲ့စည်းမှုမှ ထွက်လာပြီး ချက်ချင်းပင်၊ သူသည် ပုံရိပ်ယောင်ဝိညာဥ် မြင့်မြတ်နယ်မြေ ၏အလံ ကိုမြင်လိုက်ရသည်။

ဤ မြို့ကြီးသည် ပုံရိပ်​ယောင်ဝိညာဥ်မြင့်မြတ်နယ်မြေ ၏ ထိန်းချုပ်မှု​ အောက်တွင်ရှိနေသည်ကို မြင်တွေ့နိုင်သည်။

အထူးသဖြင့် ပုံရိပ်ယောင်ဝိညာဥ်မြင့်မြတ်နယ်မြေ၏ ဂိုဏ်းခေါင်းဆောင် ရွေးချယ်ပွဲရှိ၍ ပုံရိပ်ယောင်ဝိညာဥ်မြို့ သည် အမှန်တကယ်စည်ကားနေခဲ့၏။

ပုံရိပ်ယောင်ဝိညာဥ်မြို့သည်ပုံရိပ်ယောင်ဝိညာဥ် မြင့်မြတ်နယ်မြေ သို့မဝင်ရောက်မီ လူများလာရောက်ရမည့်နေရာဖြစ်သည်။

လီရှန်တောက်သည် လမ်းမပေါ်တွင် ရပ်ကာ ပျော်ရွှင်​နေသော ပုံရိပ်​ ယောင်ဝိညာဥ်နယ်မြေ၏ အပြင်စည်းတပည့်များစွာကိုကြည့်လိုက်သည်။ထို မြင့်မြတ်နယ်မြေကို အတွင်းစည်းနှင့် အပြင်စည်း ဟူ ၍ နှစ်ပိုင်းပိုင်းခြားထားသည်။ အတွင်းစည်း တပည့်များကိုမူ သာမန်တပည့်များနှင့် အမာခံတပည့်များအဖြစ်ခွဲထားသည်။

ကံကောင်းစွာဖြင့်၊ လီရှန်တောက်  သည် ဤအရာများကို ဖြတ်​ ​​ကျော် ရန် မလိုအပ်ပေ။ ဒီလူတွေအားလုံး ဟာ နောင်တစ်ချိန်မှာ သူ့၏ကျွန်များဖြစ်လာလိမ့်မည်ဟုတွေးရင်း ပြုံးလိုက်သည်။

စကြာ၀ဠာဘဏ် အတွဲ - ၁ (လီရှန်တောက်)စကြာဝဠာဘဏ် အတွဲ - ၁ (လီရှန်တောက်)Onde histórias criam vida. Descubra agora