226 - 230

312 35 0
                                    

အခန်း ၂၂၆- ဓားနည်းစနစ်ကို သင်ယူချင်လား။

စကြာဝဠာဘဏ် အတွင်းတွင်၊ ဆဲဗင်းသည် အရောင်းခန်းမ၌ စာချုပ်များကို စီစဉ်နေခဲ့သည်။ ထို့ကြောင့် လီရှန်တောက်သည် လီဝူယာကို အရောင်းခန်းမအတွင်း၌ မတွေဆုံရန်ဆုံးဖြတ်လိုက်သည်။ ထိုသို့ မလုပ်ပါက သူလျှို့ဝှက်ထားခဲ့သော အစီအစဥ်သည် လုံးလုံးပျက်စီးသွားမည်ဖြစ်သည်။

ဒီလိုနဲ့ လီရှန်တောက်က လီဝူယာကို တွေ့ဆုံရန်အတွက် အမွေအနှစ်ခန်းမကိုရွေးချယ်ခဲ့သည်။ စက္ကူစွန်များသည် အမိုးပေါ်တွင် တွဲလောင်းကျနေပြီး လေညင်းအနည်းငယ်က တိုက်ခတ်လိုက်သောအခါ အချင်းချင်း ထိမှန်ပြီး ပြတ်သားသော အသံကိုကြားနေရ၏။

လီရှန်တောက်က သူ့နောက်ကျောကို လက်နှစ်ဖက်ပို့ထားပြီး လီဝူယာကို စောင့်နေခဲ့သည်။

လီရှန်တောက်သည် လီဝူယာကို သီးသန့်တွေ့ဆုံလိုကြောင်း ထျန်းဂွမ်မင်က သိထားသောကြောင့် ဆဲဗင်းက သိသွားမည်ကို သူတကယ် သတိထားခဲ့သည်။

ကံကောင်းထောက်မစွာနဲ့ သူသည် ဆဲဗင်းကိုမတွေ့ခဲ့ပါ။

အမွေအနှစ်ခန်းမရှေ့တွင် ထျန်းဂွမ်မင်က လီဝူယာအား လေးနက်သောလေသံဖြင့် “ဝင်သွားလိုက်။ အထဲမှာ သခင် မင်းကို စောင့်နေတယ်”

လီဝူယာက ခေါင်းညိတ်လိုက်ပြီး အမွေအနှစ်ခန်းမထဲသို့ တစ်ယောက်တည်း လျှောက်သွားလိုက်သည်။

၎င်းနေရာသည် လီဝူယာစိတ်ကူးယဥ်ထားသော ကြီးကျယ်ခမ်းနားပြီး တောက်ပနေတဲ့ ရွှေရောင်ခန်းမနဲ့ လုံးဝမတူပါဘူး။ အမွေအနှစ်ခန်းမသည် အမှန်တကယ်အိုမင်းဟောင်းနွမ်းနေပြီး ပတ်ပတ်လည်တွင် အက်ကြောင်းများစွာရှိနေသည်။ သူ့အပေါ်တွင် လီဝူယာကို ကြိုဆိုနေသကဲ့သို့ ပြတ်သားသော အသံများထွက်ပေါ်နေသည့် စက္ကူစွန်များစွာလည်းရှိသည်။

ခန်းမ၏ အနက်ပိုင်းတစ်နေရာတွင် အရပ်ရှည်ရှည်နှင့် လူတစ်ယောက်ရှိနေခဲ့၏။

လီဝူယာက သူ့ကို စကြာဝဠာဘဏ်၏ ပိုင်ရှင်အဖြစ် အသိအမှတ်ပြုလိုက်သည်။ ထိုလူသည် ထျန်းဂွမ်မင်၏ သခင်ဖြစ်သည်။

စကြာ၀ဠာဘဏ် အတွဲ - ၁ (လီရှန်တောက်)စကြာဝဠာဘဏ် အတွဲ - ၁ (လီရှန်တောက်)Where stories live. Discover now