21 - 25

465 49 0
                                    

စာစဥ် ၂ အခန်း ၂၁- အဆုံးသတ်။

ဘာသာပြန်သူ Zing

မင်တု မည်မျှပင် ခုခံနေပါစေ ထိုအကြီးအကဲ များ၏ ဆန္ဒကို မလွန်ဆန်နိုင်ပေ။

ဖခင်ဖြစ်သူ သေဆုံးခဲ့ရပြီး သူ၏ဆရာသည်လည်း ကောင်းကင်ဧကရာဇ် စုတ်တံ ၏လက်တွင် ကွယ်လွန်သွားခဲ့ရသည်။ သူ့ကို ကူညီနိုင်မည့် သူ မရှိတော့ချေ။

မင်တုသည် ထိုလူများအားလုံး ကို ဒေါသတကြီးနဲ့ ကြည့်လိုက်သည် ။ ကျိုးထျန်းယု နှင့် ကောင်းကင် ဧကရာဇ် စုတ်တံ ကြောင့်သာမဟုတ် လျှင် သူယခုလို ဖြစ်နေမည်မဟုတ်။

ဆွဲထုတ်ခံရစဉ် မင်တု အော်ဟစ်ခဲ့သည်။ မင် မိသားစုတစ်ခုလုံးနှင့်အတူ သွေးသား ပတ်သက်သူအားလုံးကို ဖမ်းမိခဲ့သည်။

လူ ၁၈၀ ကို ထျန်းတာအို ဂိုဏ်း ၏ရင်ပြင်သို့ပစ်ချလိုက်သည်။

လူပေါင်း မြောက်မြားစွာက အော်ဟစ် တောင်းပန် နေကြပြီး စိတ်ပျက်အားငယ်များ မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်...

ထျန်းတာအို ဂိုဏ်း အကြီးအကဲများ၊ တပည့်များ ၏အကြည့်များသည် အေးစက်နေပြီး စကားတစ်ခွန်းမှ မပြောကြဘဲ နှုတ်ဆိတ်နေကြသည်။

မင်တု ၎င်းမြင်ကွင်း ကို မြင်လိုက်ရသောအခါ ဒေါသထွက်သွားသည်။

"ငါ့ အဖေက ထျန်းတာအို ဂိုဏ်းခေါင်းဆောင်ပါ။ သူ ထျန်းတာအို ဂိုဏ်းအတွက် အံ့ဩစရာတွေ ဘာမှ မလုပ်ခဲ့ပေမယ့် အစွမ်းကုန် ကြိုးစားပြီး အများကြီး ပံ့ပိုးကူညီခဲ့ပါတယ်။”မင်တု သည် ဒေါသတကြီးဖြင့်ပြောပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ မျက်ရည်များ စီးကျလာသည်။

သူတကယ်နောင်တ ရသွားသည်။

"ငါ့ကို ကယ်တင်ဖို့ လူတိုင်းကို မတောင်းဆိုပါဘူး၊ ဂိုဏ်းက မင် မိသားစုရဲ့ မျိုးဆက် ကျန်ရှိနေ အောင်လုပ်ပေးဖို့ပါဘဲ !"မင်တု က ပြောလိုက်သည်။

ထျန်းတာအို ဂိုဏ်းအတွင်း၌ အလွန်တိတ်ဆိတ်နေသည်။ ကောင်းကင် ဧကရာဇ် စုတ်တံ ရဲ့ ရှေ့မှာ ဘယ်သူမှ စကားမပြောရဲကြပေ။

"မင်းဘာဘဲပြောပြော ဒီနေ့ဘာမှပြောင်းလဲမှာမဟုတ်ဘူး" ကျိုးထျန်းယု က အေးစက်စွာ ရယ်မောလိုက်သည်။ သူသည် မင်တု ကိုသတ်ရန် အလျင်မလိုပေ။ သူ့ကို ညှဉ်းပန်းနှိပ်စက်ချင်သေးသည်။

စကြာ၀ဠာဘဏ် အတွဲ - ၁ (လီရှန်တောက်)စကြာဝဠာဘဏ် အတွဲ - ၁ (လီရှန်တောက်)Donde viven las historias. Descúbrelo ahora