116 - 120

389 44 0
                                    

စာစဥ် ၈ အခန်း ၁၁၆: ပညာရှိ ကျန်း

ဘာသာပြန်သူ- Zing

ရှန်းကျင်း…

ထျန်းဂွမ်မင်တစ်ယောက်တည်း ဒီနေရာကို ရောက်လာခဲ့သည်။

သူသည် လီရှန်တောက်၏ တာဝန်များကို လုပ်ဆောင်ရန် ဤနေရာ၌ရှိနေခဲ့သည်။

ဘာလို့ သူ့တစ်ယောက်ထဲဖြစ်နေရတာလဲ?

လီရှန်တောက်သည် ကမ္ဘာကိုဖြတ်ကျော်ရန် ကြိုးစားချိန်၌ အခြားသူများဒဏ်ရာရသွားသောကြောင့် လီရှန်တောက်သည် ၎င်းတို့အား အချိန်အတိုင်းအတာတစ်ခုအထိအနားယူခွင့်ပေးထားခဲ့သည်။

သခင် တစ်ယောက်အနေနဲ့ လက်အောက်ငယ်သားတွေကိုကြင်နာသနားတတ်ဖို့လိုသည်။ သို့မှသာ သူသည် သခင်ကောင်းတစ်ယောက်ပီသမည်ဖြစ်သည်။

လီရှန်တောက််က ထျန်းဂွမ်မင်ကိုသူ့အနားမှာထားရမှာကို စိတ်အနှောက်အယှက်ဖြစ်တာကြောင့် ခရီးထွက်ဖို့ပြောခဲ့သည်။

တကယ်တော့ ထျန်းဂွမ်မင်က အပြင်မထွက်ချင်ဘူး။

အလင်းနတ်ဘုရားမ၏ရှေးဟောင်းနတ်ဘုရားနှင့်လုံးဝ ပေါင်းစည်းခြင်းမပြုမီတွင် သူသည်အပြင်မထွက်သင့်ဟုခံစားခဲ့ရသည်။

ရှေးဟောင်းနတ်ဘုရားကြောင့်သူဘာတွေလုပ်ရမှန်းတောင် မသိတော့ဘူး။

သို့သော် သူသည်လီရှန်တောက်၏အမိန့်ကို လိုက်နာခဲ့ပြီးရှန်းကျင်းဆီသို့ ခါးသီးသောအမူအရာဖြင့်သာဦးတည်လာခဲ့သည်။

ဒေါက် ဒေါက် ဒေါက်!

ထျန်းဂွမ်မင်သည် လုံမိန်၏နေအိမ်တံခါး ကိုခေါက်လိုက်၏။

ထျန်းဂွမ်မင်သည် သူ့၏ခန္ဓာကိုယ်ကိုအရင် ဦးစွာစစ်ဆေးကြည့်လိုက်သည်။ သူဝတ်ပုံစားပုံသည် ဘာမှအမှားအယွင်းမရှိသည်ကိုမြင်ပြီးမှသာစိတ်အေးသွားခဲ့သည်။

ကျွီးး…

တံခါးဖွင့်ပြီး အဘွားအိုတစ်ယောက် ထွက်လာခဲ့သည်။ အသက်တော်တော်ကြီးနေပြီမို့ အရာတော်တော်များများကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ချေ။ သူက ထျန်းဂွမ်မင်ကိုကြည့်ပြီး "ဒီက မိန်းကလေး၊ မင်းက ငါတို့ရဲ့တံခါးကို ဘာလို့လာခေါက်တာလဲ"

စကြာ၀ဠာဘဏ် အတွဲ - ၁ (လီရှန်တောက်)စကြာဝဠာဘဏ် အတွဲ - ၁ (လီရှန်တောက်)Where stories live. Discover now